ထိုင်းလူမှောင်ခိုကူးဂိုဏ်းမှ ထိုင်းလူမျိုးလူကုန်ကူးသူ(၁)ဦး အား ထိုင်းအာဏာပိုင်များနှင့် AAC ရဲ့ မဟာမိတ် မြန်မာ ပြည်ဖွားဂေါ်ရခါးလူငယ်များအဖွဲ့ မှ ပူးပေါင်းဖမ်းဆီးနိင်ခဲ့


9/6/2017
ဘန်ကောက်
မြန်မာနိုင်ငံမှ လူမှောင်ခိုကူးသူများနှင့် ထိုင်းနိင်ငံမှ လူမှောင်ခိုကူးသောအဖွဲ့များ ပူပေါင်း၍ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံသို့ ခိုးသွင်းနေသောအဖွဲ့မှ မြန်မာနိုင်ငံသားများအား နယ်စပ်မှ ဘန်ကောက်မြို့သို့ ပို့ဆောင်ခများကို ပေးချေပြီးခဲ့သော်လဲ ဘန်ကောက်မြို့သို့ အရောက်တွင် ထိုလူကုန်ကူးဂိုဏ်းမှ ထပ်မံ၍ အဓမ္မငွေတောင်းခံပြီး အမျိုးများမှ မပေးနိုင်လျှင် လူငယ်၊ အမျိုးသမီးငယ်များအား လူကုန်ကူးဂိုဏ်းသား
များ မှ မတရားချုပ်နှောင်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများပြုလေ့ရှိပါသည်။
၇. ၆. ၂၀၁၇ တွင် မြန်မာအမျိုးသမီးငယ် အမည်ပြောင်း( အေးအေး) မှ ၄င်း၏ မောင် အမည်ပြောင်း( မောင်စိုး)အသက်၁၄နှစ် အား လူမှောင်ခိုဂိုဏ်းမှ ခေါ်ဆောင်ထားသဖြင့် အမဖြစ်သူ အမည်ပြောင်း(မ ခင်လှ)မှ ရွေးထုတ်ရန် သွားရောက်ခဲ့ရာ နယ်စပ်မှ ခေါ်ဆောင်ခ ပေးဆောင်ပြီးဖြစ်သော်လည်း ယခင်တောင်းခံထားသော ငွေထက်ပို၍ အဓမ္မတောင်းခံလာသဖြင့် ရှင်းပြီကြောင်းပြောကြား ခဲ့ရာ မောင်နှမ နှစ်ဦးလုံးအား အဓမ္မဖမ်းစီးခေါ်ဆောင်သွားကြောင်း ငိုရှိုက်၍ အဆိုပါ အမျိုးသမီး အမည်ပြောင်း(အေးအေး) မှ
မြန်မာပြည်ဖွားဂေါ်ရ်ခါးအစည်းအရုံးသို့
အကူအညီတောင်းခံလာခဲ့ပါသည်။
အသင်းမှလည်း လိုအပ်သောအချက်အလက်များ စုဆောင်း၍ သက်ဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေး ထိုင်းသတင်းထောက် အဖွဲ့များနှင့် ထိုင်းထောက်လှမ်းရေးအဖွဲ့များ၏ အကူအညီဖြင့် မြန်မာ လူကုန်ကူးဂိုဏ်းချုပ် မှ စေလွှတ်ထားသူ ထိုင်းအမျိုးသားတစ်ဦးအား သက်သေအထောက်အထားနှင့်တကွ ဖမ်းဆီးခဲ့ပါသည်။
ထိုမှတဆင့် အဆိုပါ ဂိုဏ်းချုပ်နှင့်ပတ်သက်သူများအား ထိုင်းအာဏာပိုင်များ ဆက်လက်လိုက်လံဖမ်းဆီးခဲ့ပါသည်။ ယခု လက်ရှိဖမ်းဆီးရမိထားသောအဖွဲ့အား အသေးစိတ်စစ်ဆေးမေးမြန်း၍ ကျန်ရှိနေသော လူကုန်ကူးဂိုဏ်းအဖွဲ့ဝင်များအား ဆက်လက်ဖမ်းဆီးမည်ဖြစ်ကြောင်းနောက်ဆုံးသတင်းရရှိပါသည်။
ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှာဖွေလုပ်ကိုင်ရန် ပင်ပန်း ကြမ်းတမ်းစွာ ရူန်းကန်၍ ရောက်လာကြသော်လည်း လမ်းခုလတ်တွင် လူမောင်ခိုကူ ဂိုဏ်များ၏ မတရားလိမ်လည် လှည့်ဖျားခံရခြင်း ၊ပြည့်တန်ဆာအဖြစ်ရောင်းစာခံရခြင်း၊ ပင်လယ်ငါးဖမ်းအလုပ်သမားအဖြစ်ရောင်းစာခံရခြင်းများ ကြောင့် ဘဝပေါင်းမြောက်များစွာ ပျက်စီးလျှက်ရှိပါသည်။
ထို့ကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေး မူးရစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စများအား အစိုးရအဖွဲ့အစီးများအလုပ်ဟု လွဲမှားမှတ်ယူခြင်းမပြုပဲ မိမိတို့ တတ်နိုင်သည့်ဘက်မှ ပူပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။ အကယ်၍ မိဘပြည်သူများမှ လူမောင်ခိုကူဂိုဏ်းများ၊ မူးယစ်ဆေးဝါးဂိုဏ်း များနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာသို့မဟုတ် သတင်းအချက်အလက်များတွေ့ရှိပါက သက်ဆိုင်ရာ အစိုးရအာဏာပိုင်များသို့ တိုင်ကြားခြင်းသို့မဟုတ် အသင်းအဖွဲ့များသို့လည်း တိုင်ကြား၍ အကူအညီတောင်းခံနိုင်ပါကြောင်း…..
မိမိတို့ နေထိုင်ရာ ဒေသအား ဒုစရိုက်ကင်းစင်၍ အေးချမ်းသာယာမှုရရှိနိုင်ရန် လူကုန်ကူဂိုဏ်းများ မူးယစ်ဆေးဝါးဂိုဏ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းသို့ သို့မဟုတ် အသင်းအဖွဲ့များသို့ ပေးပို့ခြင်းဖြင့်လည်း ကူညီနိုင်ပါသည်။
Credit-ပုံ- ထိုင်းအာဏာပိုင်များမှ လူကုန်ကူးဂိုဏ်းသားတစ်ဦးကိုလက်ရဖမ်းဆီးမှု မြင်ကွင်းများးးးး
CP-Photo ထိုင်းနိုင်ငံရောက်မြန်မာပြည်ဖွားဂေါ်ရ်ခါးလူငယ်အစည်းအရုံး
သတင်း ...ရဲမင်း(AAC @ RAKSTHAI)

Comments