Yaung Chi Oo Workers Association added 2 new photos.
မဲဆောက်
ဇွန်လ ၁ ရက်၊ ၂၀၁၇ ခုနှစ်
ဇွန်လ ၁ ရက်၊ ၂၀၁၇ ခုနှစ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တောင်မိုင် ကုလားပန်းရုံလို့ လူသိများတဲ့ အထည်ချုပ်စက်ရုံအပါအ၀င် အိမ်အထည်ချုပ်ရုံ (၃)ရုံကို ထိုင်းရဲ၊ စစ်သား၊လ၀က အပါအ၀င် ထိုင်းပူးပေါင်းအဖွဲ့တွေ ဇွန်လ (၁)ရက်နေ့ မနက်ပိုင်းက ၀င်ရောက်စစ်ဆေးပြီး အလုပ်သမားလက်မှတ်မရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ နီးပါး ဖမ်းဆီးခံရတယ်လို့ စုံစမ်းသိရပါတယ်။
ကုလားပန်းရုံလို့ အလုပ်သမားတွေခေါ်တဲ့ အထည်ချုပ်စက်ရုံ တရုံတည်းကပင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၅၀)ကျော်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မွန်ရုံ နဲ့ အခြားအိမ်ရုံနဲ့ အလုပ်သမားတန်းလျားတွေက ရွှေ့ပြောင်းအလုပ်သမား (၄၀)လောက်ကိုပါ စစ်ဆေးဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကပြောပါတယ်။
“ ကုလားပန်းရုံရယ် အဲဒီအထည်ချုပ်ရုံအနီးက အိမ်ရုံနှစ်ရုံကို ထိုင်းရဲရယ် စစ်တပ် အဖွဲ့စုံဘဲ ၀င်ဖမ်းတာ။ မနက် အလုပ်သမားတွေ အလုပ်ဝင်ချိန်မှာ စစ်ဆေးဖမ်းဆီးတာ အလုပ်သမား (၁၄၀)ကျော်ရယ် အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမား (၁၁)ယောက်ရယ် အဖမ်းခံရတယ်။ အိမ်ရုံနှစ်ရုံက မြန်မာအလုပ်သမား (၄၀)ကျော်လောက် ထပ်အဖမ်းခံရတာ”လို့ ကုလားပန်းရုံ အထည်ချုပ်အလုပ်သမားတဦးကပြောပါတယ်။
ညနေပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေက အဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၅၂)ယောက်နဲ့ စက်ချုပ်အလုပ်သမ (၉၆)ယောက် စုစုပေါင်း (၁၄၈)ယောက်ကို မဲဆောက်လ၀ကရုံး အချုပ်ခန်းမှာ ထိန်းသိမ်းထားတာကိုတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေကပြောပါတယ်။
ကုလားပန်းရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၁၄၈)ယောက်အပြင် ကလေးအလုပ်သမား (၁၁)ဦးကိုလည်း ထိုင်းအဖွဲ့စုံက ဖမ်းဆီးသွားတယ်လို့ စက်ရုံအလုပ်သမားတဦးက ဆက်ပြောပါတယ်။
ကုလားပန်းရုံ လုပ်ငန်းရှင်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးရာမှာ တာဝန်ရှိတဲ့ ထိုင်းအရာရှိတွေ ညှိနှိုင်းနေတယ်လို့လည်း လ၀ကရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်
Comments
Post a Comment