အဝေးသင်တက္ကသိုလ် များ၏ စာစဉ်ဖြေဆိုမှုများကို အွန် လိုင်းမှတစ်ဆင့် တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်အဝေး သင်တက္ကသိုလ် ဒုတိယပါမောက္ခ ချုပ် ဒေါက်တာခင်အေးအေးက ပြောသည်။ ‘‘အဝေးသင်တက္ကသိုလ် တက်တဲ့ ကျောင်းသားတွေ နိုင်ငံ ခြားသံရုံးတွေမှာလည်းရှိတယ်။ နောက် ကိုယ်တင်ရမယ့် တက္က သိုလ်နဲ့ အဝေးမှာရောက်နေတဲ့သူ တွေရှိတယ်။ စာစဉ်တင်တဲ့အချိန် ကျ သူတို့တစ်ခေါက်ပြန်လာရ တာတွေရှိတော့ အွန်လိုင်းက တင်နိုင်အောင် စီစဉ်နေပါတယ်။ နိုင်ငံတော်က ပံ့ပိုးပေးရမယ့် အပိုင်းတွေလည်းရှိတော့ သေချာ စီစဉ်နေပါတယ်’’ဟု ဒေါက်တာ ခင်အေးအေးက ပြောသည်။
အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သည် စာစဉ် (Assignment) များ ကို ပညာသင်နှစ်တစ်နှစ်လျှင် ပထမနှစ်ဝက်တွင် တစ်ကြိမ်၊ ဒုတိယနှစ်ဝက်တွင် တစ်ကြိမ် တင်သွင်းရပြီး တက္ကသိုလ်ဌာနခွဲများသို့ ကိုယ်တိုင်သွားရောက် တင်သွင်းရသည်။
‘‘အဝေးသင်တက္ကသိုလ် ကျောင်းသားအများစုက အလုပ် လုပ်ရင်း ဒါမှမဟုတ် တခြားသင် တန်းတစ်ခုခုတက်ရင်း အဝေး သင်တက်ကြတာ။ စာစဉ်တစ်ခါ သွားတင်ရင် တစ်နေကုန်ကြာ တယ်။ ကိုယ်စားလည်း တင်လို့ မရတော့ အဲဒီနေ့က အလုပ်ပျက် ရတာများတယ်။ အင်တာနက်က လူတိုင်းသုံးနေကြတာဆိုတော့ အွန်လိုင်းက တင်ခွင့်ပေးရင်တော့ ကောင်းမှာပါ’’ဟု ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ် အဝေးသင်ဌာနခွဲ မှ ကျောင်းသူ မစန်းစန်းလင်းက ပြောသည်။
နိုင်ငံတစ်ဝန်း အဝေးသင်တက္ကသိုလ် တက်ရောက်နေသော ကျောင်းသား ဦးရေသုံးသိန်းကျော်ရှိသည်။
‘‘ကျောင်းသားအတော်များ များကလည်း နေ့ကျောင်းထက် အဝေးသင်ပဲရွေးတယ်။ အနီးကပ် တစ်ပတ်တက်တယ်။ စာတကယ် တတ်ချင်မှ တတ်မယ်။ ဘွဲ့ရသွားတယ်။ အဲဒီအပြင် Assignmentကို ကိုယ်တိုင်မရေးဘဲ ကိုယ်စားရေးခိုင်းတာတွေ၊ ကိုယ်စားတင်ခိုင်းတာတွေကြောင့် ပြဿနာတွေတက်တော့ ကိုယ်တိုင်တင်ရမယ်လို့ စည်းကမ်းထုတ်ထားရတာ။ အွန်လိုင်းက တင်ခိုင်းမယ်ဆိုရင်တော့ ကျောင်းသားတွေအတွက်တော့ အဆင်ပြေသွားမယ်။ ဒါပေမဲ့ဘယ်လို စနစ်တကျလုပ်မလဲ။အရေးကြီးတယ်’’ဟု ကထိကဆရာတစ်ဦးက သုံးသပ်သည်။
Credit-7Day News Journal
Credit-7Day News Journal
Comments
Post a Comment