ဥပဒေမဲ့ အလုပ်ထုတ် ပယ်မှုကို ရပ်တန့်ပေးရန်နှင့် ဥပဒေပါ အလုပ်သမားအခွင့်အရေးရရှိရန် မင်္ဂလာဒုံမြို့နယ်ရှိ Honey 1 အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော်သည် ဇွန်လ ၁၁ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။ဆန္ဒပြတောင်းဆိုသည့် အ လုပ်သမားများသည် ရန်ကုန်စက် မှုဇုန်(၁) မင်္ဂလာဒုံဥယျာဉ်မြို့ တော်မှ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးရှေ့အထိ ချီ တက်ဆန္ဒပြ တောင်းဆိုခဲ့ကြ သည်။‘‘မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့မှာ ဥပဒေပါအတိုင်းဆို အ ဖွဲ့ဝင် ၁၁ ယောက်ရှိရမယ်။ ဒါ ပေမဲ့ ညှိဖျန်တိုင်းမှာ သုံးယောက်၊ လေးယောက်လောက်ပဲပါတယ်။ ဒါရာခိုင်နှုန်းအားဖြင့် ကြည့်မယ် ဆို ၃၆ ရာခိုင်နှုန်းလောက်ပဲ ရှိ တယ်။ ၃၆ ရာခိုင်နှုန်းလောက်နဲ့ ဘယ်လိုစီရင်ချက်ချမလဲ’’ ဟု သွေးစည်းညီညွတ်သော အလုပ် သမားများသမဂ္ဂအဖွဲ့ စည်းရုံး ရေးမှူး ဦးနေ၀င်းဦးကပြောသည်။ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သည် အလုပ်ရှင်ဘက်မှ ဘက်လိုက်ခဲ့သည်ဟု ဆန္ဒပြ အ လုပ်သမားများက စွပ်စွဲခဲ့သည်။‘‘ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က သင်္ကြန်ပိတ်ရက်အတွက် ရုံးမှာ ဆန္ဒပြတာ။ ဆန္ဒပြပြီးလို့ စက်ရုံ ထဲလည်းပြန်ဝင်ရော ဆန္ဒပြခဲ့တဲ့ သူတွေက စက်ရုံမှူးတွေရဲ့ ခွဲခြား ဆက်ဆံခြင်းခံရတယ်။ အဲဒီလို မ လုပ်ဖို့ အလုပ်သမားတွေနဲ့ အ လုပ်ရှင် သဘောတူစာချုပ်ချုပ်ခဲ့ တယ်။ စက်ရုံမှူးလည်းလက်မှတ် ထိုးခဲ့တယ်။ ဒါပေမဲ့ သူတို့က စာ ချုပ်ကို ချိုးဖောက်တယ်’’ဟု ဆန္ဒ ပြတောင်းဆိုရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးအေးက ပြောသည်။ဆန္ဒထုတ်ဖော်သူများသည် ‘ဥပဒေပါ အလုပ်သမားအခွင့်အ ရေးရရှိရေး တို့အရေး၊ အဂတိ လိုက်စားမှု ပပျောက်ရေး တို့အ ရေး၊ ဥပဒေမဲ့အလုပ်ထုတ်ပယ်မှု ရပ်တန့်ရေး တို့အရေး’ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုခဲ့သည်။Honey 1 အထည်ချုပ်စက်ရုံ မှ အလုပ်သမားများသည် ဧပြီအ တွင်းက သင်္ကြန်အလုပ်ပိတ်ရက် နှင့်ပတ်သက်၍ ဆန္ဒပြတောင်းဆို ခဲ့ကြောင်း ယင်းစက်ရုံမှ အလုပ် သမားများက ပြောသည်။ထို့အပြင် လာမည့်တနင်္ဂနွေ တွင်လည်း ဆန္ဒပြရန် စီစဉ်ထား ကြောင်း အလုပ်သမားများက ဆို သည်။
Credit-7Day Daily
Comments
Post a Comment