ကမ္ဘောဒီးယားကို ဂိုးပြတ် အနိုင်ရပြီး ပထမ နေရာတွင် ရပ်တည်

                           Image may contain: 5 people, people smiling, people playing sports, stadium and outdoor
မြန်မာယူ-၂၂ အသင်းသည် KBZ BANK CUP 2017 ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်တွင်
ကမ္ဘောဒီးယား အသင်းကို ၄-၁ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။
မြန်မာအသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကစားသမားများကို အဓိက
ထားအသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲစသည်နှင့် ကမ္ဘောဒီးယား အသင်းကို
ဖိအားပေးကစားခဲ့ပြီး အဖွင့်ဂိုးကို အောင်သူက ပွဲချိန် ၁၈ မိနစ်တွင် သွင်းယူနိုင်ခဲ့သည်။ ထို့
အပြင် ပွဲချိန် ၄၂ မိနစ်တွင်လည်း အောင်သူကပင် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပြီး ပထမပိုင်း
အပြီးတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိနေခဲ့သည်။
ကမ္ဘောဒီးယား အသင်းသည် ပွဲချိန် ၄၉ မိနစ်၌ ချေပဂိုး တစ်ဂိုး ပြန်လည်ရရှိခဲ့သော်လည်း
ပွဲချိန် ၆၃ မိနစ်တွင် မောင်မောင်လွင်၊ ၆၆ မိနစ်တွင် စည်သူအောင်တို့က မြန်မာအသင်း
အတွက် ဂိုးများ ထပ်မံ သွင်းယူနိုင်ခဲ့သော ကြောင့် ပွဲအပြီးတွင် မြန်မာ အသင်းက ၄-၁ ဂိုး
ဖြင့် အနိုင်ရရှိခဲ့ပြီး ဂိုးကွာခြားချက် အသာဖြင့် ပထမမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
မြန်မာ အသင်းနည်းပြချုပ် ဂတ်ဆီဇီက "ဒီပွဲစဉ်က ပြိုင်ပွဲရဲ့ အစပဲ ရှိပါသေးတယ်။ ကမ္ဘောဒီး
ယား အသင်းက အသင်းကောင်း တစ်သင်းဖြစ်ပြီး သူတို့ကစားပုံလည်း ကောင်းခဲ့တယ်။
ဒါပေမဲ့ ကျွန်တော်တို့ ပိုပြီး အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့တယ်။ အသုံးလည်း
ချနိုင်ခဲ့တယ်။ အချို့ ကစားသမားတွေက အမှားအယွင်းလေးတွေ လုပ်တာ ရှိခဲ့ပေမဲ့ ကစား
သမား အများစုကတော့ ကစားကွက်နဲ့ အံ့ဝင်အောင် ကစားနိုင်ခဲ့တယ်"ဟု သုံးသပ်ခဲ့သည်။

Comments