ဆာလာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၉)သန်းဖြင့် လီဗာပူးလ်အသင်း ခေါ်ယူ

လီဗာပူးလ်အသင်းသည် ရိုးမားအသင်းမှ ချယ်လ်ဆီးကစားသမားဟောင်း ဆာလာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ရိုးမားအသင်းသည် လီဗာပူးလ်အသင်း၏ ပေါင်(၂၈)သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့သော်လည်း ကြေးတိုးမြှင့်ကမ်းလှမ်းမှုကိုမူ လက်ခံလိုက်ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းတွင် ယခင်က အန်ဒီကာရိုးလ်က ပေါင်(၃၅)သန်းဖြင့် ဈေးအကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ထားခဲ့သော်လည်း ယခုအခါ ဆာလာက ယင်းစံချိန်ကိုကျော်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ဆာလာကို တစ်ပတ်လစာ ပေါင်(၉၀၀၀၀)ပေးချေသွားမည်ဖြစ်ပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဆာလာသည် လီဗာပူးလ်အသင်းတွင် ကျောနံပါတ်(၁၁)ကို ၀တ်ဆင်သွားမည်ဖြစ်ပြီး ယခင်ကျောနံပါတ်(၁၁)ပိုင်ရှင် ဖာမီနိုက လစ်လပ်နေသည့် ကျောနံပါတ်(၉)ကို ပြောင်းလဲဝတ်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
Photos: Gettyimages
Credit-Eleven Sports 

Comments