မန်မာ့လက်ရွေးစင် အသင်း စင်ကာပူနိုင်ငံတွင် ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားမည်။
အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ဇွန်လ အတွင်း စင်ကာပူနိုင်ငံသို့ သွားရောက်ကာ ခြေစမ်းပွဲ(၂)ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် စင်ကာပူလက်ရွေးစင်အသင်း၊ ဂျပန်လူမျိုးများဖြင့် ဖွဲ့စည်းထားကာ စင်ကာပူလိဂ် လက်ရှိချန်ပီယံ အလ်ဘီရက်စ် နီဂါတာ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင် အသင်းနှင့် ဇွန်လ (၆)ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ၃၀မိနစ်တွင် ဂျလန်ဘဆာကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို စင်ကာပူနည်းပြချုပ်၏မေတ္တာရပ်ခံချက်အရ ကွင်းပိတ်ခြေစမ်းပွဲအဖြစ်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း၏ ဒုတိယခြေစမ်းပွဲဖြစ်သည့် စင်ကာပူလိဂ် လက်ရှိချန်ပီယံ အလ်ဘီရက်စ် နီဂါတာ အသင်းနှင့်ပွဲကို ဇွန်လ(၉)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆)နာရီအချိန်၊ Jurong East Stadium တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါခြေစမ်းပွဲစဉ်ကို စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်များအနေဖြင့် ကွင်းဝင်ကြေးပေးစရာမလိုပဲ အခမဲ့လာရောက်ကြည့်ရှုခွင့်ရရှိမည် ဖြစ်သည်။ အဆို...
Comments
Post a Comment