ဆီးဂိမ်း ပြိုင်​ပွဲ မတိုင်​မီ မြန်​မာအမျိုးသမီးအသင်း ကိုးရီးယား ယူ-၂၀ တရုတ်​တိုင်​​ပေအသင်းတို့နှင့်​ ​ခြေစမ်းပွဲကစားရန်​ စီစဉ်

၂၉ကြိမ်​​မြောက်​ မ​လေးရှား ဆီးဂိမ်းပြိုင်​ပွဲအတွက်​ ပြင်​ဆင်​မူများပြုလုပ်​​နေ​သောမြန်​မာအမျိုးသမီးအသင်းသည်​ ဆီးဂိမ်းမတိုင်​မီ ​တောင်​ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်း တရုတ်​တိုင်​​ပေ အမျိုးသမီးအသင်း တို့နှင့်​​ခြေစမ်းပွဲများ ကစားရန်​ တရားဝင်​ကမ်းလှမ်းမူများပြုလုပ်​ထား​ကြောင်းမြန်​မာနိုင်​ငံ ​ဘောလုံးအဖွဲ့ချုပ်​ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးကိုကိုသိန်းက​ပြောကြားခဲ့သည်​။
မြန်​မာလက်​​ရွေးစင်​အမျိုးသမီးအသင်းသည်​ မူလက ထိုင်း ၊ ဗီယက်​နမ်​ အမျိုးသမီးအသင်းများနှင့်​ ​ခြေစမ်းပွဲကစားရန်​ ကမ်းလှမ်းခဲ့​သော်​လည်း အဆိုပါအသင်းများမှာ ပြန်​လည်​ အ​ကြောင်းပြန်​ကြားခြင်းမရှိခဲ့တာ​ကြောင့်​အခြားအသင်းများနှင့်​ ​ခြေစမ်းပွဲကစားရန်​ စီစဉ်​​နေခြင်းဖြစ်​သည်။
ဦးကိုကိုသိန်းကဆီးဂိမ်းပြိုင်​ပွဲမတိုင်​ခင်​ ဇွန်​လ ​နောက်​ဆုံးပတ်​မှာ ​ခြေစမ်းပွဲ ၂ပွဲ ကစားဖို့ စီစဉ်​ထားပါတယ်​။
တောင်​ကိုရီးယား ယူ-၂၀အမျိုးသမီးအသင်းနဲ့​ခြေစမ်းပွဲ ကစားခွင့်​မရဘူးဆိုရင်​​တော့​တောင်​ကိုရီးယား တက္ကသိုလ်​ လက်​​ရွေးစင်​အမျိုးသမီးအသင်း နဲ့ ​ခြေစမ်းပွဲ ကစားခွင့်​ရဖို့ အ​ကြောင်းကြားထားပါတယ်​ဟု ဟုဆိုသည်​။
လက်​ရှိအချိန်​တွင်​ မြန်​မာလက်​​ရွေးစင်​ အမျိုးသမီးအသင်းအား နယ်​သာလန်​နည်းပြ ​ရော်​ဂျာရိုင်​နာမှ တာဝန်​ယူကိုင်​တွယ်​​နေပြီး ဆီးဂိမ်းပြိုင်​ပွဲအတွက်​မြန်​မာအမျိုးသမီးအသင်းအား ပဏာမကစားသမား၂၈ဦးဖြင့်​ ဖွဲ့စည်းထားသည်​။
အဆိုပါအသင်းများ နှင့်​ ​ခြေစမ်းခွင့်​ရပါက ရန်​ကုန်​မြို့ရှိ သုဝဏ္ဍအားကစားကွင်း၌သာယှဉ်​ပြိုင်​ကစားရန်​ စီစဉ်​ထား​ကြောင်း
ဦးကိုကိုသိန်းကဆက်​လက်​​ပြောကြားခဲ့သည်​။

Comments