
ဂျာမနီ ၄-၁ မက္ကဆီကို
နာမည်ကြီး ၀ါရင့်ကစားသမားတွေကို ချန်လှပ်ထားခဲ့တာကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ချန်ပီယံဖြစ်ဖို့ ဘာကြောင့် ရေပန်းစားခဲ့သလဲဆိုတာ ဒီအချိန်မှာ ဂျာမနီ အသင်းကို မေးခွန်းထုတ်ဖို့ မလိုတော့ပါဘူး။
နည်းပြ ဂျိုအာချင်လိုးက ဒီပြိုင်ပွဲမှာ ရလဒ်ပိုင်းက အရေးမကြီးဘဲ လူငယ်တွေ ခြေစွမ်းပြခွင့် ရဖို့သာ အဓိကဖြစ်ကြောင်း ပြောကြားခဲ့ပေ မယ့် ဆုဖလားနဲ့ လက်တစ်ကမ်းအကွာကို ရောက်လာခဲ့ပါပြီ။
အရံအသင်းလို့ သတ်မှတ်ခံရတဲ့ ဂျာမနီအသင်းက ခံစစ်ပိုင်း အမှားအ ယွင်းတချို့ ရှိခဲ့တာကလွဲရင် ဗိုလ်လုပွဲရောက် ဖို့ သိပ်အခက်အခဲမရှိခဲ့ပါဘူး။
မက္ကဆီကိုက ဒီပြိုင်ပွဲရဲ့ ချန်ပီယံဟောင်းဖြစ်ပြီး အတွေ့အကြုံရင့် ကစားသမားတွေနဲ့လည်း ဖွဲ့စည်းထားပေမယ့် ဂျာမနီအသင်းကို မယှဉ်နိုင်ခဲ့ပါဘူး။
ဥရောပထိပ်သီးအသင်းတွေ စိတ်ဝင်စားနေတဲ့ ရှော်လ်ကေးကွင်းလယ်လူ ဂိုဟက်ဇ်ကာ က (၆)မိနစ်နဲ့ (၈)မိနစ်မှာပဲ နှစ်ဂိုးဆက်တိုက် သွင်းယူကာ ဂျာမနီအသင်း ဦးဆောင်ခဲ့ပါတယ်။
မက္ကဆီကို အသင်းအနေနဲ့ ကစားပုံကောင်းမွန်ခဲ့ပေမယ့် ဂျာမနီအသင်းရဲ့ မြန်ဆန်တဲ့တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ဂိုးတွေ ပေးခဲ့ရတာပါ။
ဂျာမနီအသင်းက (၅၉)မိနစ်မှာ ၀ါနာရဲ့ဂိုးနဲ့ အနိုင်သေချာစေခဲ့ပြီး (၈၉)မိနစ်မှာ ဖာဘီယန်က မက္ကဆီကိုအတွက် တစ်ဂိုးပြန်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ နာကျင်အချိန်ပိုမှာ ယူနက်စ်က ဂျာမနီအတွက် ပွဲသိမ်းဂိုးသွင်းခဲ့ပါတယ်။
Photos: Dailymail
Credit-Eleven Sports
Credit-Eleven Sports
Comments
Post a Comment