မကာအို 0-4 မြန်မာ
အိန္ဒိယ 1-0 တာဂျစ္စတန်
အိန္ဒိယ 1-0 တာဂျစ္စတန်
အုပ်စုပွဲ (၂)ပွဲစီ ကစားအပြီးမှာ မြန်မာအသင်း အုပ်စုဗိုလ်ဖြစ်လောက်တဲ့အထိ
အနေအထားမှာ ရှိပါတယ်။ ပြိုင်ဘက်တွေကို လေ့လာကြည့်မယ်ဆို ....
မကာအိုက ကိုယ့်ထက် အဆင့်အများကြီးနိမ့်တယ်။ အုပ်စုဘိတ်ဖြစ်မယ့် အသင်းပါ။
အိန္ဒိယကို ရှုံးထားတယ်ဆိုပေမယ့် ကိုယ့်ခြေအသာကြီးကနေ ဂိုးမသွင်းနိုင်တာရယ်၊ နောက်ဆုံးမိနစ်မှာဂိုးပေးလိုက်တာရယ်ကြောင့် ရှုံးခဲ့ရတာပါ။ ခြေအရတော့ သူတို့က ကိုယ့်ထက် သာတယ်လို့ကို မမြင်မိပါဘူး။
ကျွန်တော်တို့ သိပ်မသိတဲ့ တာဂျစ္စတန်ကတော့ သူတို့ ကန်ခဲ့တဲ့ (၂)ပွဲရလဒ်အရ သိပ်ပြီး ပုံမလာပါဘူး။ သူတို့ဟာ မကာအိုကို ၁ဂိုးတည်းနဲ့ ကပ်နိုင်ပြီး အိန္ဒိယကို ဒီနေ့ ရှုံးသွားခဲ့ပါတယ်။ မြန်မာအသင်းအဖို့ မပေါ့ဆဖို့ပဲလိုပါတယ်။ သူတို့ကို သရေတောင် မဟုတ်ဘူး၊ အနိုင်ပါ ရနိုင်ပါလိမ့်မယ်။
..........................
မြန်မာအသင်း နောက်ထပ် ကန်ဖို့ ကျန်တဲ့ (၄)ပွဲကတော့
တာဂျစ္စတန် - မြန်မာ (အဝေးကွင်း)
မြန်မာ - တာဂျစ္စတန် (အိမ်ကွင်း)
အိန္ဒိယ - မြန်မာ (အဝေးကွင်း)
မြန်မာ - မကာအို (အိမ်ကွင်း)
မြန်မာအသင်းအဖို့ နောက်လာမယ့် တာဂျစ္စတန်နဲ့ ပွဲစဉ်ဟာ အုပ်စု ကျွတ်ရေး မကျွတ်ရေးအတွက် အရေးပါလာပါပြီ။ သူတို့ အိမ်ကွင်းမှာ သရေကစားပြီး ကိုယ့်အိမ်ကွင်းမှာ အနိုင်ရမယ်ဆို အများကြီး အလာအလား ကောင်းသွားပါပြီ။ (အကယ်လို့ တာဂျစ္စတန်နဲ့ အဝေးကွင်းမှာ ရှုံးခဲ့မယ်ဆိုရင်တော့ မြန်မာအသင်းအနေနဲ့ တော်တော် ရုန်းကန်ရပါတော့မယ်။)
မြန်မာအသင်းသာ တာဂျစ္စတန်ဆီက (၂)ပွဲပေါင်း ရမှတ် (၄)မှတ် ဒါမှမဟုတ် (၆)မှတ်ယူနိုင်ခဲ့မယ်ဆိုရင် အုပ်စုကျွတ်ဖို့ စိတ်မပူရတော့သလို .. အုပ်စုဗိုလ်အတွက်တောင် အိန္ဒိယကို ကောင်းကောင်း ဖိအားပေးနိုင်ပါလိမ့်မယ်။
အိန္ဒိယကို ဒုတိယအကျော့မှာ နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့အရာမှမဟုတ်တာ။ ဒီတော့ မြန်မာအသင်းအတွက် အများကြီး မျှော်လင့်လို့ရပါတယ်။
လိုအပ်တဲ့ သွင်းဂိုးတွေ အရယူနိုင်ဖို့ရယ်၊ မလိုအပ်ဘဲ ပေးဂိုးတွေ မပေးရဖို့ပဲ အဓိက လိုအပ်ပါတယ်။
ဒီ (၃)သင်းရဲ့ ခြေစွမ်းကတော့ အိမ်နီးချင်း ထိုင်းတို့ ဗီယက်နမ်တို့လောက် အနေအထားမရှိတာမို့ ကိုယ်တွေအသင်း အုပ်စုဗိုလ်တောင် ဖြစ်နိုင်ပါသေးတယ်။ အုပ်စုဗိုလ်သာဖြစ်မယ်ဆိုရင်တော့ နောက်ဆုံးပွဲ ကိုယ့်အိမ်ကွင်းမှာ အောင်ပွဲခံဖို့ အတော်ပဲလေ။
နောက်ဆုံးအနေနဲ့ ထပ်ပြောရင်လည်း ဒါပါပဲ။
မြန်မာအသင်းအနေနဲ့ ပွဲစဉ်တိုင်း ပွဲစဉ်တိုင်းမှာ လုံးဝ ပေါ့ဆလို့တော့ မရပါ။ သေချာဂရုတစိုက်ကြိုးစားရင် အုပ်စုကျွတ်ရုံမကဘူး၊ အုပ်စုဗိုလ်ပါဖြစ်နိုင်ချေ ရှိနေပါတယ်။
Credit-ကိုထွဋ်ထိပ်

Comments
Post a Comment