မိုနာကို အသင်းဟာ ဘာစီလိုနာ အသင်း လူငယ် တိုက်စစ်မှူး ဂျော်ဒီအမ်ဘူလာကို ၅ နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၁၈ နှစ် အရွယ်ရှိ ကစားသမား ဖြစ်သူဟာ ပြင်သစ် လီဂူးဝမ်း လက်ရှိ ချန်ပီယံ မိုနာကို အသင်းမှာ ၂၀၂၂ ခုနှစ် အထိ ကစားမှာလည်း ဖြစ်ပါတယ်။ အမ်ဘူလာဟာ ဘာစီလိုနာ အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ငြင်းဆိုခဲ့ပေမယ့် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အတွက် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လာခဲ့တာ ဖြစ်ပြီး မိုနာကို အသင်း အနေနဲ့လည်း ဒီကစားသမားကို စာချုပ်တန်ကြေး ပေါင် ၃ သန်းသာ ပေးချေခဲ့ရကြောင်း သိရပါတယ်။ အမ်ဘူလာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက UEFA လူငယ်လိဂ် ပြိုင်ပွဲက ပွဲစဉ် တစ်ခု ဖြစ်တဲ့ မိုချန်ဂလာဘတ် အသင်းနှင့် ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော် အလှပဆုံး သွင်းဂိုးနှင့် အတူ ဥရောပ ကလပ်အသင်းတွေရဲ့ စောင့်ကြည့်ခြင်း ခံနေခဲ့ရသူ ဖြစ်ပါတယ်။
Credit-SkyNet Sports Channel
Comments
Post a Comment