ဖီဖာထောက်ပံ့ကြေးဖြင့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်မည်


By ချစ်ဝိုင်း

ဖူဆယ်လိဂ်ပွဲစဉ်များကို အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ နှစ်စဉ်လက်ခံကျင်းပနေသည်။ (ဓာတ်ပုံ − MFF)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် က ထောက်ပံ့ပေးမည့် (FIFA Forward) ပရိုဂရမ်အစီအစဉ်ဖြင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားဝင်းအတွင်း နိုင်ငံတကာအဆင့်မီဖူဆယ် အားကစားရုံတည်ဆောက်ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီ ဖာ)တွင် ဘောလုံးဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် (FIFA Forward)ပရို ဂရမ်မှတစ်ဆင့် စီမံချက်ရေးဆွဲ ကာ တစ်နှစ်လျှင် ကန်ဒေါ်လာ ခုနစ်သိန်းခွဲလျှောက်ထားပြီး ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်နိုင်သည်။ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်သည် ယင်းအစီအ စဉ်မှတစ်ဆင့် ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ တို့အတွက် ဖီဖာထံမှ ထောက်ပံ့ကြေးလျှောက်ထားရန် စီစဉ်ထားသည်။

(FIFA Forward)ပရိုဂရမ် အစီအစဉ်ဖြင့် ၂၀၁၇ အတွက် ရရှိမည့် ထောက်ပံ့ကြေးဖြင့် နိုင်ငံ တကာအဆင့်မီ ဖူဆယ်အားက စားရုံတည်ဆောက်ရန် လျာထား ကြောင်း ဘောလုံးအဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

‘‘ဖီဖာကရမယ့်ထောက်ပံ့ ကြေးနဲ့ သုဝဏ္ဏကွင်းဝင်းထဲမှာ ပရိသတ် ၃၀၀၀ နဲ့ ၅၀၀၀ ကြား ဝင်ဆံ့တဲ့ ဖူဆယ်ကွင်းတည်ဆောက်ဖို့ရှိတယ်။ ၂၀၁၈ မှာတော့ ကွင်းစဆောက်ဖြစ်မယ်လို့ မှန်းထားတယ်’’ဟု ဦးဘုန်းနိုင်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်တွင် ကိုယ်ပိုင်ဖူဆယ်ကွင်းမရှိ ကြောင်း၊ နိုင်ငံတကာနှင့် ပြည် တွင်းပြိုင်ပွဲများကျင်းပရန် နိုင်ငံ တကာအဆင့်မီ ဖူဆယ်ကွင်းတည်ဆောက်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ အဖွဲ့ချုပ်က နှစ်စဉ်ကျင်းပနေသည့် ပြည်တွင်းဖူဆယ်လိဂ်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အမျိုးသားအားက စားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပ နေခြင်းဖြစ်သည်။

#Credit #7Daily News Journal

#MFFG

Comments