မကွေးအသင်းကို ရှုံးနိမ့် ပြီးနောက် ရန်ကုန်ယူနိုက်တက် နည်းပြချုပ် ဦးမျိုးမင်းထွန်းက ရာထူးမှ နုတ်ထွက်စာတင်မည် ဟု ပြောကြားခဲ့သည်။
ဇွန်လ ၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၇ မြန်မာလိဂ် ပွဲစဉ် (၁၆) တွင် ရန်ကုန်အသင်းက မကွေး အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ ယင်းရှုံးပွဲသည် ယခုနှစ် ရာသီ ရန်ကုန်အသင်း၏ မြန်မာ လိဂ် နှစ်ပွဲမြောက်ရှုံးပွဲဖြစ်သည်။ ရန်ကုန်ယူနိုက်တက်သည် ပွဲစဉ် (၁၅)တွင်လည်း လက်ရှိချန်ပီယံ ရတနာပုံအသင်းကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
မကွေးနှင့်ပွဲတွင် ရန်ကုန်အ သင်းသည် ခြေစွမ်းကောင်းမွန် ခြင်းမရှိဘဲ အမှားအယွင်းများခဲ့ သည်။ ရန်ကုန်အသင်း၏ အမှား အယွင်းများကို မကွေးအသင်းက အသုံးချပြီး အနိုင်ယူခဲ့ခြင်းဖြစ် သည်။
‘‘ကျွန်တော် နုတ်ထွက်စာ တင်မယ်။ ဆက်မလုပ်တော့ဘူး’’ ဟု ရန်ကုန်ယူနိုက်တက်နည်းပြ ချုပ် ဦးမျိုးမင်းထွန်းက မကွေးအ သင်းနှင့် ပွဲအပြီး၌ ကစားသမား များ၏ အဝတ်လဲခန်းမှ ထွက်လာ စဉ် ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက် အ သင်းသည် ယခုနှစ် မြန်မာလိဂ်ပွဲ တစ်လျှောက် အမှတ်ပေးဇယား ကို ဦးဆောင်လာသော်လည်း မကွေးအသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက် ပထမနေရာမှ ဖယ်ပေးခဲ့ ရသည်။ မကွေးအသင်းကို ရှုံးနိမ့် ခဲ့သည့်ပွဲတွင် ကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့်
ခြေစွမ်း ကို ရန်ကုန်အသင်း၏ အမာခံပရိ သတ်များက ဝေဖန်ခဲ့သည်။
ခြေစွမ်း ကို ရန်ကုန်အသင်း၏ အမာခံပရိ သတ်များက ဝေဖန်ခဲ့သည်။
‘‘သူက လူငယ်နည်းပြဖြစ်တဲ့ အတွက် အတွေ့အကြုံလိုသေး တယ်။ ဒီလိုပြောတယ်ဆိုတာက လည်း သူ့အနေနဲ့ ဒေါသထွက်လို့ ပြောလိုက်တာဖြစ်ပါတယ်။ ဘယ်နည်းပြမဆို ရှုံးပွဲနဲ့ ကြုံတွေ့နိုင် တာပဲ။ သူတစ်ယောက်တည်း ရှုံး တာမဟုတ်ပါဘူး။ သူနုတ်ထွက်မယ်ဆိုရင်တောင် အသင်းပိုင်ရှင် ခွင့်ပြုမှရမှာပါ’’ဟု ရန်ကုန်ယူနိုက်တက်အသင်း မန်နေဂျာ ဦးမြင့် သိန်းကပြောသည်။
ရန်ကုန်အသင်းသည် ၂၀၁၇ ပထမအကျော့တွင် ရှုံးပွဲမရှိသော်လည်း ဒုတိယအကျော့ ပွဲစဉ်ငါး ပွဲ၌ တစ်ပွဲသာ အနိုင်ရရှိထားပြီး နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ်ဖြင့် နိုင်ပွဲရရှိရန် ရုန်းကန်နေရသည်။ ထိုသို့ နိုင်ပွဲရရှိရန် ရုန်းကန်နေ ရသော်လည်း ရန်ကုန်အသင်း ၏ ချန်ပီယံမျှော်လင့်ချက် အဆုံး မသတ်သေးကြောင်း ဦးမြင့်သိန်း က ဆိုသည်။
၂၀၁၇ မြန်မာလိဂ် ပွဲစဉ် (၁၆)အပြီးတွင် ရှမ်းအသင်းက ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ရတနာပုံအသင်းက ရမှတ် ၃၇ မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်အသင်းက ရမှတ် ၃၆ မှတ်ဖြင့် တတိယနေ ရာ၌ ရပ်တည်နေသည်။
Comments
Post a Comment