သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး


အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၀ ခုနှစ်ကတည်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မိန်းကလေးအသက် ၁၁ နှစ်မှ ၁၂နှစ် အရွယ်များ၊ အသက် ၂၀ ထိအရွယ်တွမှော ထိုးနှံခဲ့ပြီးနောက် အိပ်ချပီဗီဗိုင်းရပ်စ် ကူးစက်နှုန်းကျဆင်းလာတယ်။
လေ့လာမှုအရ ကာကွယ်ဆေးထိုးပြီး အမျိုးသမီး ၆၄% မှာ အိပ်ပီဗွီဗိုင်းရပ်ကူးစက်နှုန်း ကျဆင်းလာတယ်။
ခြောက်နှစ်ကြာ သားအိမ်ခေါင်းကင်ဆာဆေးနှင့် အိပ်ပီဗွီ ဖြစ်ပွားနှုန်းလေ့လာခဲ့ကြပြီး ဆယ်ကျော်သက် မိန်းကလေးများမှာ အိပ်ချပီဗွီဖြစ်ပွားနှုန်းကျဆင်းခဲ့တာ တွရေ့တယ်။
သုတေသီများ အဆိုအရ အိပ်ပီဗွီဗိုင်းရပ်ကူးစက်မှုမှာ အသက် ၂၀ အတွင်း ကျဆင်းလာကြောင်း သက်ရောက်မှုအရ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆိုင်ကြောင်းသိရတယ်။
အိပ်ပီဗွီ ကူးစက်ခံရရင် လိင်အင်ဂါကြွက်နို့နှင့် သားအိမ်ခေါင်းကင်ဆာများ ဖြစ်ပေါ်စေတယ်။
အမေရိကန်ပြည်ထောင်စုမှာ စီဒီစီ (CDC) အဆိုအရ ရောဂါကူးစက်သူ မိန်းကလေး သန်း ၈၀ အသက် ၇၀ နှစ်ခန့် အမျိုးသမီး ၄ သန်း ကူးစက်ခံရရာ၊ အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြတယ်။
အိပ်ချပီဗွီ ကူးစက်သူအများစုမှာ ကူးစက်ခံရမှန်း မသိကြပါ။
အမေရိကန် အစိုးရက အသက် ၁၁ နှစ်၊ ၁၂ နှစ်မိန်းကလေးများ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခဲ့ပြီးတဲ့နောက်၊ အိပ်ချပီဗွီ ကူးစက်မှုကို ကြိုတင်ကာကွယ် တားဆီးနိုင်ခဲ့ကျတယ်။
အခြားဖြစ်နိုင်ချကေ ဆယ်ကျော်သက်မှာ သားအိမ်ခေါင်းကင်ဆာ ထိုးနှံထားတာက ပုံမှန်အိပ်ချ ပီဗွီ ကူးစက်နိုင်ချလျော့နည်းလာတယ်။
အိပ်ချပီဗွီ သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ဆေးကို တစ်ကြိမ်ထိုး ၁ လမှ ၂လ ကြားမှာ ဒုတိယအကြိမ်၊ ၆ လအကြာမှာ တတိယအကြိမ် ၆လအတွင်း ၃ကြိမ်ထိုးနှံရပါတယ်။
ဒေါက်တာသက်လွင် (Healthcare)

Comments