ဇွန်၉။ရန်ကုန်။ ၂၀၁၇ဘတ်ဂျတ် နှစ်မှာ ကမ္ဘာဘဏ်က ကူညီတဲ့ အမေရိကန်ဒေါ်လာ ၁၂၅သန်း ထဲ က သန်း ၁၀၀ကို ရေကြီးရေလျှံအတွက်မြောင်းတွေ ပလက်ဖောင်းတွေ ကားမှတ်တိုင်တွေမှာ သုံးစွဲဖို့စီမံချက် ရေးဆွဲပြီး ဖြစ်တယ်လို့သိရပါတယ်။
သည်ကနေပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရတစ်နှစ်တာ ဆောင်ရွက်မှုနဲ့ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောခဲ့တာဖြစ်ပါတယ်။ ပလက်ဖောင်းပေါ်တွေ မှာရှိတဲ့ ကားမှတ်တိုင်တွေကိုနိုင်ငံတကာမှာ ရှိသလို ပစ္စည်းအပြည့် နဲ့ လုပ်ဖို့ JCD call ကုမ္ပဏီကတင်ဒါအောင်ပြီးသားပြီးဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။
“ဒီအချိန်တွေမှာ မြောင်းရယ်၊ ပလက်ဖောင်းရယ် ၊ကားမှတ်တိုင်ရယ် ပူပေါင်းပြီး ဆောင်ရွက်နိုင်ဖို့ စီမံချက် ရေးဆွဲထားတာဖြစ်ပါတယ်။ဒီစီမံကိန်းတွေ ဒီငွေကြေးတွေ ဒီအခြေအနေတွေ ရဖို့ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ဆွေးနွေးမှု ပေါင်းများစွာ နဲ့ အကြိမ်ပေါင်းများစွာ ပြင်ဆင် ဆောင်ရွက် ခဲ့ရပါတယ်။”လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသအတွင်းမှာ ရှိတဲ့ ကားမှတ်တိုင်ပေါင်း ၅၀၀ကျော်ကို JCD callက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျန်တဲ့ မှတ်တိုင်တွေကို စည်ပင်သာယာ က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရေကြီး ရေလျှံမှု ဖြစ်နေတဲ့ လမ်းတွေ ရဲ့ အခြေအနေတွေပေါ်မှာ ရေဆွဲချနိုင်တဲ့ မြောင်းတွေ ကို အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။ဒီထက်ဆိုးလာမယ်ဆိုရင် မြောင်းထဲက ရေတွေကို ပန့်နဲ့ ဆွဲနိုင်အောင်ကြိုးစားသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ရန်ကုန်မြို့ကို ဧရာဝတီမြစ်ရေ ၀င်တဲ့ အပေါက် ၃ပေါက်ရှိပြီး ရန်ကုန်တိုင်းအတွင်း ရေကြီးတဲ့ နေရာဖြစ်တဲ့ ထောက်ကြန့် မြို့နယ်ကို လည်း စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Credit-မို့မို့သန္တာ-Kumudra
Comments
Post a Comment