ထိုင်းနိုင်ငံလူမှုဖူလုံရေး(ပကန်စန်ခုမ်) ထည့်သွင်းထားသော ရွှေ့ပြောင်း အလုပ်သမားများ သိရှိရန်

ဇန္န၀ါရီ ၁၁ ရက်နေ့၊ ၂၀၁၇ ခုနှစ် နေ့စွဲဖြင့် ထုတ်ပြန်သော နည်းဥပဒေအရ ထိုင်းနိုင်ငံလူမှုဖူလုံရေး (ပကန်စန်ခုမ်) ထည့်သွင်းထားသော ရွှေ့ပြောင်း အလုပ်သမားတိုင်းသည် မိမိနိုင်ငံအပြီးပြန်မည်ဆိုပါက ပကန်စန်ခုမ်တွင် မိမိထည့်သွင်းထားသော ငွေများ၊ အလုပ်ရှင်မှ စုဆောင်းထားပေး သည့်ငွေများအား ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မူလ ဥပဒေအရ အသက်(၅၅)နှစ်ပြည့်မှသာ ထုတ်ယူခွင့် ရမည်ဖြစ်သော် လည်း ဇန္န၀ါရီ ၁၁ ရက်နေ့၊ ၂၀၁၇ ခုနှစ် နေ့စွဲဖြင့် ထုတ်ပြန်သော နည်း ဥပဒေ အသစ်သည် ထိုင်းနိုင်ငံသား မဟုတ်သည့် အလုပ်သမားများ အနေဖြင့် မိမိနေရပ်နိုင်ငံ အပြီးတိုင် ပြန်မည်ဟု အထောက်အထား ခိုင်လုံစွာ ပြနိုင်မည်ဆိုပါက ပြန်လည်ထုတ်ယူခွင့်ပြု လိုက်ခြင်းဖြစ်သည်။

လူမှုဖူလုံရေး(ပကန်စန်ခုမ်)ထည့်သွင်းထားခြင်း ၁၂ လ မပြည့်လျှင် မိမိပေးသွင်းထားသလောက်သော ငွေကြေးကိုသာ ပြန်လည် ထုတ် ယူနိုင်မည်ဖြစ်သည်။

လူမှုဖူလုံရေး(ပကန်စန်ခုမ်) ထည့်သွင်းထားခြင်း ၁၂ လကျော်လျှင် မိမိ ထည့်သွင်းထားငွေသာမက အလုပ်ရှင်မှ ပေးသွင်းထားသော ငွေကိုပါ ပြန်လည် ထုတ်ယူနိုင်မည်ဖြစ်သည်။

လအလိုက် ပေးသွင်းငွေမှ ၅ ပုံ ၃ ပုံကို ရရှိခံစားခွင့်ရမည် ဖြစ်သည်။

(ပကန်စန်ခုမ်) ထည့်သွင်းထားသည့် ရာခိုင်နှုန်းပြ(ဇယား)

အလုပ်သမား။
ဖျားနာ/ဒုက္ခိတ/သေဆုံး/မီးဖွား အတွက် 1.5 %
ကလေးစရိတ်/ သက်ကြီးပင်စင် အတွက် 3 %
အလုပ်လက်မဲ့ အတွက် 0.5 %

အလုပ်ရှင်။
ဖျားနာ/ဒုက္ခိတ/သေဆုံး/မီးဖွား အတွက် 1.5 %
ကလေးစရိတ်/ သက်ကြီးပင်စင် အတွက် 3 %
အလုပ်လက်မဲ့ အတွက် 0.5 %

အစိုးရ။
ဖျားနာ/ဒုက္ခိတ/သေဆုံး/မီးဖွား အတွက် 1.5 %
ကလေးစရိတ်/ သက်ကြီးပင်စင် အတွက် 3 %
အလုပ်လက်မဲ့ အတွက် 0.5 %

စုစုပေါင်း = 5% 5% 2.75 %

Credit-MAP Radio

Comments