ထိုင်းကိုလား အလုပ်လုပ်ဖို့လား တရားဝင်ပဲ သွားတော့မယ်

                           Image result for အလုပ်သမားဥပဒေ

ရန်ကုန်၊ ဇွန် ၂၈ – ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေ ဖမ်းဆီးခံနေရတာကြောင့် ထိုင်းနိုင်ငံကို တရားဝင်သွားရောက်ဖို့ လျှောက်လွှာတင်သူတွေ ပိုပြီးများလာတယ်လို့ ထိုင်းနိုင်ငံ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတချို့ဆီက သိရပါတယ်။
ထိုင်းနိုင်ငံကို အလုပ်သမား ပို့နေတဲ့ ရွှေရည်ဖြိုးအောင် ကုမဏီလီမိတက်က မန်နေးဂျင်းဒါရိုက် တာ ဒေါ်ပန်းချယ်ရီက “အခုဆို ရင် အလုပ်သမားဝန်ကြီးဌာနက ချပေးသလောက် ပို့နေရတယ်၊ အခုတော့ ဒီလိုသတင်းကြောင့် တရားဝင် ကုမဏီကသွားဖို့ လူတွေ ပိုစိတ်ဝင်စားလာနေကြ တယ်၊ တရားဝင်ပို့နေတဲ့ ကုမဏီတွေအနေနဲ့ ဘာထိခိုက်မှု မှ မရှိဘူး” လို့ ပြောပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ တရားမဝင်သွားရောက်လုပ်ကိုင်နေတဲ့ အထောက် အထားမဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရနဲ့ မြန်မာသံရုံးတို့ ပူး ပေါင်းပြီး မြန်မာနိုင်ငံဘက်အခြမ်းကို ပြန်ပို့နေပါတယ်။ လက်ရှိ အထောက်အထားမဲ့ အလုပ်သမားတွေက မြန်မာဘက်အခြမ်းမှာ စုပုံနေပြီး နေရပ်ပြန်ဖို့ ပရဟိတအသင်း အချို့က ပို့ ဆောင်ပေးနေ တယ် လို့ သိရပါ တယ်။
ထိုင်းနိုင်ငံကို အလုပ်သမားတင်ပို့နေတဲ့ အေဂျင်စီတစ်ခုက ဒါရိုက်တာတစ်ဦးက “ကောင်းပါတယ်၊ တရားမဝင်တွေကို ပြန်ပို့တော့ ဟိုမှာရှိတဲ့ တရားဝင်လုပ်သားတွေအတွက် အခွင့်အရေးပိုရတာပေါ့၊ တရားဝင်သွားသူတွေကို သံရုံးကလဲ ကူညီ ပေးလို့ရတယ်၊ အခုဆိုရင် ကျွန်တော်တို့ကုမဏီ မှာ ထိုင်းမှာ အလုပ်သွားလုပ်ချင်လို့ လာလျှောက် တဲ့သူတွေ အရင်လတွေထက် ပိုများတယ်”လို့ ပြော ပါတယ်။
မြဝတီဘက်ကနေ ထိုင်းနိုင်ငံ ဘက်ကို နိုင်ငံကူးဖို့သွားတဲ့သူတွေ နယ်စပ်ဂိတ်ပေါက်မှာ စုပုံနေကြ ပြီး ၁၀ဝ၀ လောက်ရှိတဲ့ လူဦးရေ ကို ၃၀ဝ လောက်ပဲ သွားဖို့ ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံကို အလုပ် သမားစေလွှတ်နေတဲ့ တရားဝင် အေဂျင်စီ ၂၉ ခုရှိပြီး ဝန်ဆောင်ခ အနေနဲ့ အလုပ်သမားတစ်ဦးကို ကျပ် ၁၅၀,ဝ၀ဝ သတ်မှတ်ထားပါတယ်။ အလုပ်သမား တရားဝင်တင်ပို့နေတဲ့ ကုမဏီတစ်ခုက မန်နေးဂျင်းဒါရိုက်တာဦးမြတ်လွင် က “အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုမိန့်ချပေးတာတွေ များတော့ ပေါပေါလောလော ပို့ကြတယ်” လို့ ပြောပါတယ်။ ထိုင်းနိုင်ငံဘက်မှာ လည်း နိုင်ငံခြားသားအလုပ်သမားတွေ ငှားရမ်းနေသူ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေအတွက် အချက်ရှစ်ချက်ပါ တဲ့ ဥပဒေသစ်ကို ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားအလုပ်သမားတွေအတွက် တားမြစ်ထားတဲ့ အလုပ်တွေနဲ့ အလုပ်ပါမစ် (ဝါ့ခ်ပါမစ် ) မရှိ တဲ့ အလုပ်သမားကို ငှားရမ်းလက် ခံထားရင် အဲသည်အလုပ်ရှင်ဟာ အလုပ်သမားတစ်ဦးအတွက် ထိုင်းဘတ်လေးသိန်းကနေ ရှစ်သိန်း အထိ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။ အလုပ်ပါမစ်ထဲမှာပါရှိတဲ့ လိပ်စာနဲ့ မတူညီဘဲ အလုပ်သမားငှားရမ်းတဲ့သူတစ်ဦးဟာ ဘတ်လေးသိန်းဒဏ်ကြေးပေး ဆောင်ရမှာဖြစ်ပါတယ်။ အလုပ်ပါ မစ် (ဝါ့ခ်ပါမစ်) မရှိဘဲ အလုပ်လုပ် နေတဲ့ အလုပ်သမားနဲ့ တားမြစ် ထားတဲ့ အလုပ်ကိုလုပ်ကိုင်နေတဲ့အလုပ်သမားတွေကို ထောင်ဒဏ်ငါးနှစ်နဲ့ ဒဏ်ငွေ ဘတ် ၂၀ဝ၀  က နေ ၁၀ဝ,ဝ၀ဝအထိ ထောင်ဒဏ်ရောငွေဒဏ်ပါ ဒဏ်နှစ်ခု လုံး ချမှတ်မယ်လို့ သိရပါတယ်။
ဒါ့အပြင် အလုပ်သမား အလုပ်လုပ်ကိုင်နေပြီး တာဝန်ရှိသူ ကို အကြောင်းမကြားရင် ဒဏ်ငွေ ဘတ် ၂၀,ဝ၀ဝ ကနေ ၁၀ဝ,ဝ၀ဝ အထိ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ခုလုံး ချမှတ်မှာ ဖြစ်ပါတယ်။ ဝါ့ခ်ပါ မစ် ထဲက သတ်မှတ်ထားတဲ့ အ လုပ်ထက်ပိုလုပ်တဲ့ အလုပ်သမားကို ဒဏ်ငွေ ဘတ် ၁၀ဝ,ဝ၀ဝ ဖြစ် ပါ တယ်။ အလုပ်သမားရဲ့ ဝါ့ခ်ပါမစ် အပါအဝင် ကိုယ်ပိုင်စာရွက်စာတမ်းတွေ သိမ်းဆည်းထားတဲ့ အလုပ်ရှင်တွေကို ထောင်ဒဏ်ခြောက်လနဲ့ ဒဏ်ငွေဘတ် ၁၀ဝ,ဝ၀ဝ အထိချမှတ်မှာဖြစ်ပြီး ထောင်ဒဏ်ငွေဒဏ်နှစ်ခုလုံးချမှတ်နိုင်ပါတယ်။
အလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်လို့ရတယ်လို့ လိမ်လည်ပြောဆိုခေါ် ဆောင်လာသူကို အလုပ်သမားတစ်ဦးအတွက် ထောင်ဒဏ် သုံး နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ဒဏ်ကြေးအဖြစ် ဘတ် ခြောက်သိန်းကနေ တစ်သန်းအထိ ချမှတ်နိုင်ပါတယ်။ ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံးချမှတ်နိုင်ပါတယ်။
ခွင့်ပြုချက်မရှိဘဲ အလုပ်သမားတွေတင်သွင်း ခေါ်ဆောင် လာသူ (သို့မဟုတ်) ကုမဏီကို ဒဏ် ငွေ ဘတ်နှစ်သိန်း ကနေ ခြောက်သိန်းအထိ ချမှတ်နိုင်ပြီး ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းပါရှိပါတယ်။
 Author အေးအေးအောင်
Credit-Kumudra

Comments