အွန်လိုင်းပစ္စည်းမှာပြီး မယူရင်ဝယ်သူကို ဘလက်လစ်တင်လို့ မရပါ



ရန်ကုန်၊ ဇွန် ၂၁ – အွန်လိုင်းရှော့ပင်းတွေမှာရောင်းချနေတဲ့ပစ္စည်းတွေကို မှာယူပြီးမှ မယူတော့ဘူးဆိုရင် ရောင်းချသူတွေဘက်က ဘလက်လစ်တင် လို့မရနိုင်ပါဘူး။
အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ အွန်လိုင်းမှာပစ္စည်း တွေရောင်းတာဝယ်တာတွေကို ပြုလုပ်နေကြတာများလာပြီး လက်လီ ရောင်းချတာတွေ၊ လက်ကားရောင်းချတာတွေကိုပြုလုပ်လာကြပါတယ်။ အွန်လိုင်းအရောင်းအဝယ်က ဒုတိယဈေးကွက်ကြီးတစ်ခုလိုဖြစ်လာပါတယ်။ ပစ္စည်းတွေကချက်ချင်းမှာယူပြီး သုံးရက်လောက်နေရင်လာပို့တာတွေရှိ သလို နှစ်ပတ်သုံးပတ်လောက်စောင့်ရတာတွေလည်းရှိပါတယ်။ အွန်လိုင်းရှော့ပင်းရောင်းချတဲ့သူတွေက ရန်ကုန်နဲ့ မန္တလေးကိုဆိုရင် အိမ်ရောက်မှ ငွေချေစနစ်တွေနဲ့ရောင်းတာများပြီး ကျန်တဲ့မြို့တွေဆိုရင်တော့ ငွေကြိုလွှဲစနစ်တွေနဲ့ရောင်းချလာတာတွေရှိပါတယ်။
အစ်မတို့ဘက်ကနေတင်တယ်ဆိုတာက အစ်မတို့ကလဲဟိုဘက်ကနေတစ် ဆင့်ပြန်မှာပြီး ရောင်းရတာဆိုတော့ ပစ္စည်းတွေကိုမှာတဲ့ သူတွေမယူတော့ ဘူးဆိုရင် အစ်မတို့ဆီမှာသောင်တင်နေတယ်၊ အဲဒီတော့မယူယူအောင် တော့ရောင်းရတာပေါ့၊ စိတ်တိုပြီး ဘလက်လစ်တင်တာတွေလဲရှိတယ်၊ တချို့ကတော့ ပြောတယ်၊ ပစ္စည်းတွေက ရောက်တာကြာလို့မစောင့်နိုင် တော့ဘူး၊ဘာညာပေါ့၊ အဲဒီလိုပြောကြတယ်၊ အစ်မတို့ကစရောင်းက တည်းက အချိန်ဘယ်လောက်ကြာနိုင်တယ်၊ ဘယ်အချိန်လောက်မှ ရောက်မယ်ဆိုတာတွေကို သေချာပြောထားပြီးမှရောင်းတယ်၊ မယူဘူး ဆိုတော့ ဘလက်လစ်တင်တယ်လေ၊ အဲဒါကို မကျေနပ်တာတွေလဲ ရှိတယ်ပေါ့လို့ အွန်လိုင်းရှော့ပင်းရောင်းချသူ မသန္တာချယ်က ပြောပါတယ်။
အွန်လိုင်းနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့သူတစ်ဦးက အပြင်မှာ ရောင်းသူဝယ်သူ စကားများတယ်ဆိုရင်တောင် ဝယ်သူတွေဘက်က အနိုင်ရတယ်လေ၊ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေပေါ်လာတော့ ရောင်းဝယ်တာတွေကို ဒီကနေပဲလုပ်တာတွေပိုပိုပြီးများလာတယ်၊ လိမ်တာတွေလဲ ပိုများလာတယ်လေ၊ ပြီးတော့ ၀ယ်ယူသူကမယူလို့ ဘလက်လစ်တင်တယ်ဆိုရင် တင်တဲ့သူကို အသရေဖျက်မှုရော၊ ၆၆(ဃ) နဲ့ ရောတရားပြန်စွဲလို့ရတယ်၊ ဝယ်ယူသူတွေဘက်က အိမ်ရှေ့ရောက် လာတဲ့ပစ္စည်းကိုမကြိုက်လို့ အဝကနေပြန်ယူသွားပါဆိုရင်တောင်ပြန်ယူ သွားရမှာ၊ ဘာလို့ဆိုတော့ ဝယ်သူက စိတ်တိုင်းမကျတာကြောင့်ပဲ၊ အဲဒီလိုမယူလို့ ဘလက်လစ်တင်တယ်ဆိုရင် တရားပြန်စွဲနိုင်တယ်˘လို့ ပြောပါတယ်။
ဝယ်ယူသူတွေဘက်ကပစ္စည်းတွေကိုမှာယူပြီး အကြောင်းအမျိုးမျိုးကြောင့် မယူဖြစ်တော့ဘူးဆိုရင် ဘလက်လစ်တင်တာတွေကိ ပြုလုပ်လို့ရနိုင်မှာ မဟုတ်ပါဘူး။  တင်တာတွေကြုံခဲ့တယ်ဆိုရင်လည်းပြန်ပြီး တရားစွဲတာတွေ ကိုပြုလုပ်နိုင် မှာဖြစ်တယ်လို့ သိရပါတယ်။
Author – လိမ္မာ
Credit-kumudranews.com

Comments