မြန်မာ့လက်ရွေးစင်အသင်းများ၏ ယခုနှစ် အဝေးကွင်းပွဲများအတွက် ကန်ဒေါ်လာ ၁၇၀,၀၀၀ ဖီဖာ ထောက်ပံ

မြန်မာ့လက်ရွေးစင်ဘောလုံးအ သင်းများ ယခုနှစ်အတွင်း အဝေး ကွင်းသွားရောက်ကစားရမည့် နိုင် ငံတကာပွဲစဉ်များအတွက် အသုံး စရိတ်အဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ)က ကန်ဒေါ်လာ ၁၇၀,၀၀၀ ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
မေလ ၁၁ ရက်က ကျင်းပခဲ့ သည့် (၆၇)ကြိမ်မြောက် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကွန်ဂ ရက်တွင် အဖွဲ့ဝင်နိုင်ငံအချို့၏ လက်ရွေးစင်အသင်းများအတွက် ထောက်ပံ့ကြေးပေးရန် ဆုံးဖြတ်ခဲ့ ပြီး မြန်မာ့လက်ရွေးစင်အသင်းများသည် ထောက်ပံ့ကြေးရရှိမည့် အသင်းများထဲ၌ ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ဦးဘုန်းနိုင်ဇော်က ပြောသည်။
ဘာရိန်းနိုင်ငံတွင် ပြုလုပ်ခဲ့ သည့် ဖီဖာကွန်ဂရက်သို့ မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် အ ထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းတို့တက်ရောက်၍ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်
သီးသန့်တွေ့ဆုံခွင့်ရရှိခဲ့သည်။
အဆိုပါ ခွင့်ပြုထားသည့် အ သုံးစရိတ်သည် ၂၀၁၇ အတွင်း မြန်မာအမျိုးသား၊ အမျိုးသမီး လက်ရွေးစင်နှင့် သက်တမ်းအ လိုက် ဘောလုံးအသင်းများ အဝေး ကွင်း သွားရောက်ကစားရာတွင် ကုန်ကျမည့် စရိတ်များအတွက်
ထောက်ပံ့ခြင်းဖြစ်သည်။
‘‘လက်ရွေးစင်အသင်းတွေ အဝေးကွင်းသွားကန်ရင် ကုန်ကျ စရိတ်တွေ၊ လေယာဉ်လက်မှတ် စရိတ်တွေကို ကျွန်တော်တို့က ဖီ ဖာကို အသေးစိတ်ပြန်ပြီး တင်ပြရ မယ်။ အဲဒီတင်ပြတာကို ဖီဖာက ပြန်ထုတ်ပေးမယ်’’ဟု ဦးဘုန်းနိုင် ဇော်က ရှင်းပြသည်။
ယခုကဲ့သို့ မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းများအတွက် ဖီဖာမှ ထောက်ပံ့ကြေးရရှိခြင်း သည် ပထမအကြိမ်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဘောလုံးအဖွဲ့ချုပ်များသို့ ပုံမှန်ထောက်ပံ့ကြေး (FIFA Forward ProgramOperating Cost) အဖြစ် နှစ်စဉ် ကန်ဒေါ်လာ ငါးသိန်းရရှိနေသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်အနေဖြင့် ၂၀၁၇ တစ်နှစ်တာ ကုန်ကျစရိတ် ကန်ဒေါ်လာခုနစ်သန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဦးဘုန်းနိုင်ဇော်က ဆိုသည်။

Comments