အလုပ်လုပ်ခွင့်အတွက် ခေတ်မီစနစ် ထိုင်းသုံးစွဲ

ထိုင်းနိုင်ငံဖူးခက်မှာ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို နိုင်ငံတွေကနေ အလုပ်လာလုပ်သူတွေကို အင်တာနက်ကနေ အလုပ်လုပ်ခွင့်မှတ်ပုံတင်ကို စစ်ဆေးလို့ရတဲ့ E-Work Permit Card ထုတ်ပေးတော့မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ စတင်အသုံးပြုလို့ ရမှာဖြစ်တယ်လို့ ဖူးခက်အာဏာပိုင်တွေက ဒီကနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖူးခက်မှာ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို နိုင်ငံတွေကနေ အလုပ်လာလုပ်သူ ၅ သိန်းဝန်းကျင်ရှိတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းပါတယ်။
အလုပ်ရှင် အလုပ်သမားနဲ့ အလုပ်လုပ်ခွင့်စီစဉ်ပေးသူ အလုပ်သမားရေးရာအရာရှိ အားလုံးအတွက် အလုပ်သမားမှတ်ပုံတင်ပြုလုပ်ရတဲ့အချိန်နဲ့ စစ်ဆေးရတဲ့အချိန်တွေကို လျော့ချဖို့ အခုလိုအင်တာနက်ကနေ work permit ကို စစ်ဆေးလို့ရတဲ့စနစ်ကို စီစဉ်တာဖြစ်တယ်လို့ ဖူးခက်မြို့တော်ဝန်က ပြောပါတယ်။
အလုပ်သမားတွေ လက်ရှိကိုင်ဆောင်ထားတဲ့ ယာယီအလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကဒ်ပြားတွေ သက်တမ်းကျော်သွားလို့ သက်တမ်းတိုးတဲ့အခါမှာ အခုလိုအင်တာနက်ကနေ စစ်ဆေးလို့ရတဲ့ကဒ် စနစ်ကို စတင်အသုံးပြုမှာဖြစ်ပါတယ်။
ပန်းရောင်ကဒ်တွေကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလအထိ ကိုင်ဆောင်ခွင့်ရှိပြီး အဲဒီနောက်မှာတော့ E- Work-permit ကဒ်ကိုပြောလဲကိုင်ဆောင်ရမှာဖြစ်ပါ တယ်။ ပန်းရောင်ကဒ်ကနေ E- Work-permit ပြောင်းလဲဖို့ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား သတ်မှတ်ထားပါတယ်။
RFA
Labour Hittai

Comments