စည်သူအောင်သည် အာရှတွင်အကောင်းဆုံးဟု ကမ္ဘောဒီးယားနည်းပြချုပ် ချီးကျူး

                              Image may contain: 1 person, playing a sport and outdoor
မြန်မာယူ-၂၂ အသင်းခေါင်းဆောင် စည်သူအောင်သည် အခြားကစားသမားများထက် ထူးခြားပြီး အာရှတွင်ပင် အကောင်းဆုံးကစားသမားဖြစ်ကြောင်း ကမောဒီယားအသင်းနည်းပြချုပ် လီယိုနာဒို လူးဝစ်က ပွဲအပြီးအသတင်းစာ
ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
"မြန်မာကစားသမားတွေထဲမှာတော့ စည်သူအောင်က ထူးခြားပါတယ်။ တကယ်ကောင်းတဲ့ကစားသမားဖြစ်ပြီး အာရှမှာတောင် အကောင်းဆုံးထဲမှာ ပါ ပါတယ်" ဟုပြောကြားသွားခဲ့သည်။
မြန်မာယူ-၂၂ အသင်းခေါင်းဆောင်စည်သူအောင်သည် ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် စတ္ထုမြောက်အနိုင်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့သည်။ စည်သူအောင်နှင့် ပတ်သက်၍ မြန်မာအသင်းနည်းပြချုပ် ဂိတ်ဆီဇီကမူ "စည်သူအောင်ဟာ တကယ်ကောင်းတဲ့ အသင်းခေါင်းဆောင်ပါပဲ။ ပထမပိုင်းမှာ အမှားနည်းနည်းရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်" ဟု မှတ်ချက်ပြုပြောကြားသွားခဲ့သည်။
ထို့အပြင် ကမ္ဘောဒီးယားနည်းပြချုပ် လီယိုနာဒို လူးဝစ်က မိမိတို့အသင်းမှာ ပြင်ဆင်ချိန်(၃)ရက်သာရရှိခဲ့ကြောင်း၊ ယခုရလဒ်အပေါ် စိတ်ပျက်ခြင်းတစ်စုံတစ်ရာမရှိကြောင်း၊ လာမည့်ဆီးဂိမ်းအတွက် ယခုမှစတင်ပြင်ဆင်မည်ဖြစ်ကြောင်းထပ်မံဖြည့်စွတ်ပြောကြားခဲ့သည်။

Credit Myanmar Special
#MFFG

Comments