အမြန်လမ်းဘေးက ကျူးကျော်အိမ်တွေ ဖယ်ရှား

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေး ၃ မိုင် ၄ ဖာလုံကနေ ၅ မိုင်ဝန်းကျင်က ကျူးကျော်ရွာတွေကို တနင်္လာနေ့ ဒီနေ့မနက်မှာ အကုန်ဖြိုဖျက်မှာဖြစ်ပါတယ်။အဲဒီရွာတွေကတော့ စိမ်းလန်း၊ ဂန့်ဂေါ်ကျွန်း၊ အောင်ရတနာ၊ ရတနာအောင်နဲ့ အောင်သုခ စတဲ့ရွာတွေဖြစ်ပြီး အကွက်ရိုက်ရောင်းစားခဲ့သူတွေထံကနေ ပေ ၄ဝ/၆ဝ မြေကွက်တစ်ကွက်ကို ၃ သိန်းကနေ ၁၃ သိန်းအထိ ပေးဝယ်ခဲ့ရတဲ့အပြင် လမ်းမကြီးလို နေရာတွေမှာဆိုရင် အဲဒီထက်ဈေးပိုပေးရတယ်လို့ သိရပါတယ်။ အဲဒီရွာတွေမှာ လက်ရှိ အိမ်ခြေသောင်းချီ ရှိနေတာဖြစ်ပါတယ်။

Photo:Thant Zin Oo , Aung Thain Kha/RFA
RFA Burmese
https://www.facebook.com/rfaburmese

Comments