မကာအိုနှင့်အာရှဖလား​ခြေစစ်​ပွဲ မတိုင်မီ သီဟစည်သူနှင့် ဇော်မင်းထွန်း ဒဏ်ရာရ

မကာအိုအသင်းနှင့် အာရှဖလား ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် ဘောလုံးအ သင်း အဓိက ကစားသမားနှစ်ဦး ဖြစ်သည့် ဇော်မင်းထွန်းနှင့် သီဟ စည်သူတို့ ဒဏ်ရာရနေကြောင်း သတင်းရရှိသည်။
နောက်ခံလူ ဇော်မင်းထွန်း သည် စင်ကာပူလက်ရွေးစင်အ သင်းနှင့် ခြေစမ်းပွဲတွင် ပြိုင်ဘက် ကစားသမားနှင့် ထိခိုက်မိကာ မျက်ခုံးဒဏ်ရာရရှိခဲ့ပြီး ဂိုးသမား သီဟစည်သူသည် ခြေစမ်းပွဲ မတိုင်မီ လေ့ကျင့်ရေးကွင်း၌ ညာဘက်လက်မောင်း ဒဏ်ရာ ဟောင်း ပြန်လည်ထိခိုက်မိခြင်း ဖြစ်သည်။
‘‘ဇော်မင်းထွန်းက စင်ကာပူ နဲ့ ခြေစမ်းပွဲမှာ မျက်ခုံးထိမိပြီး ကွဲ သွားတာပါ။ မပြင်းထန်ပါဘူး။ နောက်ပွဲကစားနိုင်မှာပါ။ သီဟ စည်သူကတော့ ပွဲမတိုင်ခင် လေ့ ကျင့်ခန်းမှာ ဒဏ်ရာဟောင်းပြန် ဖြစ်တာပါ။ ဒဏ်ရာက ဒီနေ့မှရတဲ့ဟာမဟုတ်ဘဲ ဒဏ်ရာဟောင်း ဖြစ်နေတော့ ချက်ချင်းပြန်ကောင်း ဖို့ မလွယ်နိုင်တော့ဘူး။ မကာအို နဲ့ပွဲအမီ ပြန်ကောင်းဖို့ မသေချာ တော့ပါဘူး’’ဟု မြန်မာ့လက်ရွေး စင်အသင်း မန်နေဂျာ ဦးထွန်း ထွန်းအောင်က ပြောသည်။
‘‘လေ့ကျင့်ရေးအပြီး နည်း နည်းနာနေလို့ ပြန်စမ်းရာကနေ အရင်ဒဏ်ရာဟောင်းက ပြန်ဖြစ် မှန်းသိတာပါ။ လောလောဆယ် တော့ နောက်ရက်တွေ လေ့ကျင့် ခန်းတော့ မလုပ်နိုင်တော့ဘူး။ သွေးပူလောက်ပဲ လုပ်ဖြစ်မှာပါ။ မကာအိုနဲ့ပွဲအမီ ပြန်ကောင်း၊ မကောင်းလည်း မသိနိုင်သေးပါဘူး’’ဟု ဒဏ်ရာအခြေအနေကို သီဟစည်သူကပြောသည်။
လက်ရှိတွင် မြန်မာအသင်း သည် စင်ကာပူသို့ ရောက်ရှိနေပြီး ဇွန်လ ၆ ရက်က စင်ကာပူလက် ရွေးစင်အသင်းနှင့် ခြေစမ်းခဲ့ရာ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဇွန်လ ၉ ရက်၌ စင်ကာပူ လိဂ် ချန်ပီယံနီဂါတာအသင်းနှင့် ဆက်လက်ခြေစမ်းမည်ဖြစ်သည်။
စင်ကာပူအသင်းနှင့် ခြေစမ်းပွဲတွင် အောင်သူက ပွဲချိန် ၆၅ မိနစ်၌ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် အိမ်ရှင်စင်ကာပူအသင်းက ချေပ ဂိုး ပြန်လည်သွင်းယူခဲ့သည်။
မြန်မာအသင်းသည် ဇွန်လ ၁၃ ရက်တွင် အာရှဖလားခြေစစ် ပွဲအုပ်စု ဒုတိယပွဲအဖြစ် မကာအို အသင်းနှင့် အဝေးကွင်း၌ ယှဉ် ပြိုင်မည်ဖြစ်သည်

Comments