ကျန်းမာလှပချင်သလား သီဟိုဠ်သီးစား

ကြွပ်ရွပြီးဆိမ့်တဲ့သီဟိုဠ်စေ့ ကိုတော့ လူတိုင်းလိုလို စားဖူးပေ မယ့် သီဟိုဠ်သီးကိုတော့ စားဖူး သူအနည်းငယ်သာ ရှိပါလိမ့်မယ်။ သီဟိုဠ်သီးက ဆေးဖက်ဝင်တဲ့အ တွက် ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော ထောက် ကူပေးနိုင်တာမို့ သီဟိုဠ်သီး အကြောင်း သိထားရအောင်လို့ ဖော်ပြလိုက်ပါတယ်။- ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိ တဲ့ သီဟိုဠ်သီးတွေက သွေးထဲက မကောင်းတဲ့ ကိုလက်စထရော တွေကို ဖယ်ရှားပေးတဲ့အပြင် နှလုံးသွေးကြောပိတ်တာတွေကို ကာကွယ်ပေးပါတယ်။
- သီဟိုဠ်သီးက သွေးတိုးကျစေ တဲ့အတွက် သဘာဝဆေးဝါး အဖြစ်သုံးနိုင်ပါတယ်။
- အဆုတ်ကျန်းမာရေးကောင်း စေသလို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေကို သက်သာ ပျောက်ကင်းစေပါတယ်။
- သီဟိုဠ်သီးမှာ ဗီတာမင်စီ ကြွယ်ဝတဲ့အတွက် ကိုယ်ခံစွမ်း အားကောင်းဖို့ ထောက်ကူပေး ကာ သာမန်အအေးမိ၊ တုပ်ကွေး စတာတွေနဲ့ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တို့ကြောင့်ဖြစ်တဲ့ ရောဂါ တွေကို ပျောက်ကင်းစေပါတယ်။
- ဗီတာမင်အေ ကြွယ်ဝတာ ကြောင့် မျက်စိကျန်းမာရေး ကောင်းစေပြီး အမြင်အာရုံကောင်း စေပါတယ်။
- ကင်ဆာရောဂါဖြစ်နိုင်ခြနည်း အောင် ကူညီပေးနိုင်တဲ့အပြင် ရေဓာတ်ကြွယ်ဝတဲ့အတွက် ဝမ်း ချုပ်တာတွေ မဖြစ်တဲ့အပြင် လိပ်ခေါင်းရောဂါတွေကို ကာကွယ် ပေးတယ်လို့ ဆိုပါတယ်။
- အသားအရေနဲ့ပတ်သက်ပြီး တော့ နူးညံ့စိုပြည်စေတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု တွေ၊ အရေးအကြောင်း ဖြစ်တာ တွေကို နည်းပါးစေပါတယ်။
- ဒါတင်မက ဆံပင်၏ကောင်း ခြင်းနဲ့လည်း ပြည့်စုံဖို့အတွက် အားဖြည့်ပေးသေးတယ်လို့ သိရ ပါတယ်။
—Ref: healthdigezt

Comments