သာမန်ခန္ဓာကိုယ်ညွှန်းကိန်း (BMI)ထက် ကိုယ်အလေးချိန် ပိုမြင့်မားနေပါက သက်လတ်ပိုင်းအရွယ်မှနေ၍ ဘ၀နှောင်းပိုင်းအ ထိ နှလုံးသွေးကြောဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်စေနိုင်ပြီး လူငယ် များပင် ယင်းအခြေအနေနှင့် ကြုံတွေ့နိုင်ကြောင်း လေ့လာမှုတစ် ရပ်က ဖော်ပြသည်။
နှလုံး၏ ဘယ်ဘက်သွေးလွှတ်ခန်းထူထဲနေခြင်းကြောင့် နှလုံး က သွေးများထုတ်လွှတ်ရန် ပိုမိုခက်ခဲစွာအလုပ်လုပ်ရပြီး ယင်းသည် နှလုံးရောဂါများဖြစ်ပွားရသည့်အဓိကလက္ခဏာဖြစ်သည်။
ကိုယ်အလေးချိန် မြင့်မားခြင်းကြောင့် အသက်(၁၇)နှစ်အထိ ငယ်ရွယ်သူများ၌ပင် နှလုံးသွေးကြောဆိုင်ရာ ထိခိုက်မှုများဖြစ်နိုင် ကြောင်း သုတေသီများကပြောသည်။
နှလုံး၏ ဘယ်ဘက်သွေးလွှတ်ခန်းထူထဲနေခြင်းကြောင့် နှလုံး က သွေးများထုတ်လွှတ်ရန် ပိုမိုခက်ခဲစွာအလုပ်လုပ်ရပြီး ယင်းသည် နှလုံးရောဂါများဖြစ်ပွားရသည့်အဓိကလက္ခဏာဖြစ်သည်။
ကိုယ်အလေးချိန်မြင့်မားခြင်းကြောင့် လူငယ်များ၏ နှလုံးခုန် နှုန်းအပေါ် ထိခိုက်ပုံမရသော်လည်း အ၀လွန်ခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် သွေးတိုးရောဂါ ဖြစ်ပွားနိုင်သည်ဟု သုတေသီများကပြောသည်။
ယခုလေ့လာတွေ့ရှိမှုအရ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ၏ ကနဦးလက္ခဏာဖြစ်သော နှလုံးသွေးကြောဆိုင်ရာ အပြောင်း အလဲများမဖြစ်ပေါ်စေရေး ကာကွယ်ရန် ငယ်ရွယ်စဉ်မှာပင် အ၀ လွန်ဖြစ်ခြင်းကို တိုက်ဖျက်ရန် လိုသည်ဟု သုတေသီများက ပြော ကြားသည်။
လူတစ်ဦးအနေဖြင့် ၎င်း၏ခန္ဓာကိုယ်က သုံးစွဲနိုင်သော ကယ် လိုရီပမာဏထက် ပိုမိုစားသုံးပါက ကိုယ်အလေးချိန် ပိုလာနိုင်သည်။
အ၀လွန်ခြင်းကြောင့် သွေးတိုးလာနိုင်ပြီး ကိုလက်စထရောမြင့် မားလာနိုင်သည်။ ယင်းအခြေအနေများမှာ နှလုံးရောဂါဖြစ်စေနိုင် သည့် အန္တရာယ်ရှိသောအခြေအနေများဖြစ်သည်။
အ၀လွန်ခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားသည်။ ထို့အပြင် ပိုနေသော ကိုယ်အလေးချိန်က အဆစ်အမြစ်များကို ဖိအားပိုများဖြစ်၍ ဒူးနှင့်တင်ပါးနေရာတို့၌ ပြဿနာကြုံနိုင်သည်။
ထို့အပြင် အသက်ရှူခြင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး အ၀လွန်ဖြစ်နေသူများသည် အများ၏ ခွဲခြားဆက်ဆံခြင်းနှင့် ရင်ဆိုင်ရလေ့ရှိကာ စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့် ကြုံတွေ့နိုင်သည်။
—Ref: MNT
Credit-7Day News Journal
Credit-7Day News Journal
Comments
Post a Comment