စိုးရိမ်ရေမှတ် ရောက်လာသည့် မြန်မာလိဂ်




By

ချစ်ဝိုင်း

ရွှေဘုတ်

၂၀၁၇ မြန်မာလိဂ်ပွဲစဉ်တစ်ပွဲ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ−MNL)

ဆယ်စုနှစ်တစ်ခုခန့် ရှိလာသည့် မြန်မာ့ဘောလုံးလောက၏ အဆင့် အမြင့်ဆုံး ပရော်ဖက်ရှင်နယ်အဆင့် လိဂ်ပြိုင်ပွဲသည် ဆက်လက်ရပ် တည်နိုင်ရေးအတွက် စိန်ခေါ်မှုများ ကြုံနေရပြီဖြစ်သည်။

မြန်မာလိဂ်စတင်ကျင်းပ သည့် ၂၀၀၉ ပြိုင်ပွဲ၌ ပရိသတ်အား ပေးမှု များပြားခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ကွင်းအ တွင်း ပရိသတ်အားပေးမှု သိသာ စွာကျဆင်းလာသည်။

လာရောက်ကြည့်ရှုမှုလျော့ နည်းခြင်းနှင့်အတူ မြန်မာ လိဂ်ပြိုင် ပွဲနောက်ပိုင်းနှစ်များတွင် ပံ့ပိုးပေး မည့် စပွန်ဆာအခက်အခဲများနှင့် ရင်ဆိုင်လာရသည်။ လိဂ်ပြိုင်ပွဲ ကို ပရိသတ်စိတ်ဝင်စားမှု မရှိခြင်း ကြောင့် စပွန်ဆာပေးမည့် ကုမ္ပဏီ များရှားပါးလာပြီး သီချင်းအဆို ပြိုင်ပွဲတစ်ခုဖြစ်သည့် မြန်မာအိုင် ဒေါပြိုင်ပွဲလောက် စပွန်ဆာမရရှိ ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က စပွန်ဆာအခက်အခဲနှင့် ပတ်သက်၍ ညည်းတွားခဲ့ဖူးသည်။

‘‘စပွန်ဆာမရတော့ အသင်း တွေကို ထောက်ပံ့ကြေးပေးဖို့ ခက် လာတယ်။ စပွန်ဆာများများရဖို့ အတွက် ဘောလုံးပွဲကောင်းဖို့ လို တယ်။ ဘောလုံးပွဲတွေပွဲကောင်းဖို့ ဆိုရင် ကစားသမားတွေကြိုးစားဖို့ လိုတယ်။ ကစားသမားတွေအပေါ် မှာ လိဂ်ပြိုင်ပွဲဆက်လက်ရှင်သန်ဖို့ အလုံးစုံမူတည်နေတယ်’’ ဟု မြန် မာလိဂ်အမှုဆောင်အရာရှိချုပ် ဦး စိုးမိုးကျော်ကပြောသည်။

ယခုနှစ်မြန်မာလိဂ်ပြိုင်ပွဲ တွင် ရာသီဝက်ကျော်သည်အထိ အဓိက စပွန်ဆာမရရှိခဲ့ခြင်းကြောင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်းငါးထောင်စိုက်ထုတ်သုံး စွဲထားရပြီး လိဂ်ပြိုင်ပွဲဆက်လက် ရှင်သန်ရန် ကျားကန်ထားရသည်။

မြန်မာလိဂ်ပြိုင်ပွဲသက်တမ်း ကိုးနှစ်ခန့်အတွင်း အိမ်ကွင်းလက် ခံကျင်းပနိုင်သည့် အသင်းအရေအ တွက် တိုးတက်လာသော်လည်း ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်း နည်း ပါးနေသည်။ ဝင်ငွေပြန်လည် မရရှိ ခြင်းနှင့် အခြားအခက်အခဲများ ကြောင့် အသင်းပိုင်ရှင်အချို့က ဆက်လက် လုပ်ကိုင်လိုခြင်းမရှိ တော့ဘဲ အသင်းဖျက်သိမ်းရန် ပြောဆိုမှုများရှိလာသည်။ မြန်မာ လိဂ်သက်တမ်းတစ်လျှောက် ဖျက် သိမ်းရသည့် အသင်းအချို့ရှိခဲ့ သည်။ အခက်အခဲအမျိုးမျိုးကြောင့် မနောမြေအသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ ဖျက်သိမ်းခဲ့သည်။အချို့အသင်းများသည် ကစားသမားများ၏ လစာကိုအချိန်မီမပေးနိုင်မှုများရှိလာသည်။

ယင်းအခြေအနေများအ ကြားတွင် ကစားသမားများ၏ တစ်ဦးချင်းကိုယ်ပိုင်ကြိုးစား အားထုတ် မှုကို ဥက္ကဋ္ဌဦးဇော်ဇော်ကိုယ်တိုင် က အားမရဖြစ်နေပြီး ပိုမိုကြိုးစား ရန် တိုက်တွန်းနေရသည်။

‘‘အခုလိဂ်ပြိုင်ပွဲက မနည်း ရုန်းကန်နေရတယ်။ ဒီတော့ကစား သမားတွေတစ်ဦးချင်းစွမ်းဆောင် ရည်ကောင်းဖို့ လိုလာပါပြီ။ ကစား သမားတစ်ဦးချင်းရဲ့ စွမ်းဆောင် ရည်ကျဆင်းခဲ့တာကြောင့် နောက် ပိုင်းနှစ်တွေမှာ လိဂ်ပြိုင်ပွဲကအောင် မြင်ဖို့ထက် မကျရှုံးဖို့ မနည်း ရုန်း ကန်နေရတယ်’’ဟု ဦးဇော်ဇော် ကပြောသည်။

‘‘လက်ရှိလိဂ်အနေအထား ကအောင်မြင်ဖို့ နှေးနေတယ်လို့ မြင်မိတယ်။ ဒါကကစားသမား တွေနဲ့လည်း တစ်စိတ်တစ်ပိုင်း တော့ သက်ဆိုင်ပါတယ်။ ကွင်း တွင်း၊ ကွင်းပြင် ပရော်ဖယ်ရှင်နယ် ဆန်ဆန် ပိုကြိုးစားဖို့လိုပါတယ်။ အသင်းတွေရဲ့ ရပ်တည်မှုခက်ခဲ လာတဲ့အခါမှာ လစာပြဿနာမျိုး တွေ ဖြစ်လာတဲ့အတွက် ကစားသ မားတွေအစား စိတ်မကောင်းဖြစ် မိတယ်။ တခြားနိုင်ငံမှာလို သီးသန့်ကြော်ငြာတွေ၊ စပွန်ဆာတွေမရှိ တဲ့အတွက် ကျွန်တော်တို့လို ကစား သမားတွေက ဒီလစာနဲ့ပဲ ရပ်တည် နေရတာပါ။ လစာပြဿနာက ကစားသမားတွေအတွက် ကြီးမား တဲ့သက်ရောက်မှုပါပဲ။ လိဂ်ကို တော့ ကျွန်တော်တို့မကစားနိုင် တော့ရင်တောင် နှစ်ပေါင်းများစွာ အောင်မြင်စေချင်ပါတယ်’’ ဟု ရှမ်း ယူနိုက်တက်ကစားသမား စိုးမင်း ဦးကပြောသည်။

မြန်မာဘောလုံးလောကကို ပရော်ဖက်ရှင်နယ်စနစ်ဖြင့် ဆက် လက်သွားမှသာ နိုင်ငံတကာ၌ ဝင်တိုးနိုင်မည်ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌက ယုံကြည်ထားသည်။ ‘‘လိဂ်ပြိုင်ပွဲ မရှိဘဲနဲ့ နိုင်ငံတကာပြိုင်ပွဲတွေဝင် ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရင် တုန်းကလို အပျော်တမ်းအဆင့်နဲ့ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ ဆိုတာ တော်တော်လေးခက်ခဲတဲ့ အခြေအနေပါ’’ ဟု ဦးဇော်ဇော်က ပြောသည်။

မြန်မာလိဂ်ပြိုင်ပွဲကို ကျပ် သန်းပေါင်းများစွာ အကုန်အကျခံ ပြီး ကျင်းပလာခဲ့သည်မှာ သက် တမ်း ကိုးနှစ်အတွင်းရောက်လာ သော်လည်း လက်ရွေးစင်ဘော လုံးအသင်းက နိုင်ငံတကာပြိုင်ပွဲ များတွင် အောင်မြင်မှုမရယူနိုင် သေးပေ။ မြန်မာလိဂ်ပြောင်းလဲ ပြီးနောက် မြန်မာဘောလုံးလော က၏ အအောင်မြင်ဆုံးမှတ်တိုင် တစ်ခုမှာ ယူ-၁၉ အသင်းအာရှ ခြေ စစ်ပွဲအောင်ကာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့် ရရှိခြင်းဖြစ် သည်။

လက်ရွေးစင်အသင်းအောင် မြင်မှုမရသဖြင့် ပရိသတ်စိတ်ဝင်စားမှု လျော့နည်းလာသည့် မြန်မာလိဂ်၏ အနာဂတ်အတွက် စိတ်ပူနေသူ တိုးလာနေသည်။ ဘောလုံးသမားများ၏ အနာဂတ် သည် လက်ရှိတည်ဆောက်ထား သော ပရော်ဖက်ရှင်နယ်ပြိုင်ပွဲရေ ရှည်ခိုင်မြဲရန်၊ ပရိသတ်အားပေး မှုရရှိရန်နှင့် လုပ်ငန်းရှင်ကြီးများ က အသင်းဆက်လက် တည်ထောင် ရန်အပေါ် မူတည်နေသည်။

‘‘ဆရာတို့အနေနဲ့ ရွေးချယ်စ ရာလမ်းမရှိဘူး။ ရှေ့ဆက်လျှောက်ဖို့ပဲရှိတယ်။ မုန်တိုင်းဒဏ်ကို မခံ နိုင်တာရှိကောင်းရှိလာနိုင်တယ်။ အသင်းတွေတူညီပေမယ့် မတူညီတဲ့နောက်ခံတွေရှိကြတယ်။ ဒါကို တော့ စိုးရိမ်တယ်။ လိဂ်က အကြမ်းဖျင်းအပေါ်ယံကြည့်ရင်တော့ ပျက် ကောင်းပျက်သွားနိုင်တယ်။ အမာ ခံ ၁၀ ဦးလောက်က တော်တော် လေး ရုန်းကန်ပေးထားတော့ ၂၀၁၈ လောက်ထိ ဆက်သွားနေဦးမယ်။ နောက်ပိုင်း နှစ်တွေဆိုရင်တော့ အခြေအနေတွေပေါ် မူတည်တယ်။ အဆိုးဆုံး အနေအထားကတော့ လိဂ်ပြိုင်ပွဲပျက်သွားနိုင်တယ်’’ ဟု ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက လိဂ်ပြိုင်ပွဲ၏ အနာဂတ်ကို ပြောသည်။

လာမည့်ငါးနှစ်အတွင်းလိဂ် ပြိုင်ပွဲသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေအရ ကောင်းလာနိုင်သော်လည်း စီးပွားရေးမ ကောင်းပါက လိဂ်ပြိုင်ပွဲပျက်နိုင်သည့် အနေအထားတွင် ရှိနေပြီး ဖြစ်ပေါ်လာမည့် အခြေအနေများကို ကြိုတင်ခန့်မှန်းရန် ခက်ခဲ ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာစိုင်းဆမ်ထွန်းကဆိုသည်။

‘‘စီးပွားရေးမူဝါဒတွေ ဘာမှ တိုးတက်ပြောင်းလဲလာမှု မရှိဘူးဆိုရင်တော့ လိဂ်က ပျက်သွားနိုင်ပါတယ်။ ပိုက်ဆံမရှိရင် ဒီခေတ်မှာဘာမှလုပ်လို့မရပါဘူး။ ငွေရှိ အောင်တော့ အသင်းပိုင်ရှင်တွေ လည်းအတတ်နိုင်ဆုံး အကောင်း ဆုံး ကြိုးစားနေပါတယ်။ နောက် တော့လည်း တိုင်းပြည်က တဖြည်း ဖြည်း စီးပွားရေးတွေအောင်မြင်မယ်ဆိုရင်တော့ အဆင်ပြေလာ နိုင်မယ်ထင်ပါတယ်။ ပရီးမီးယားလိဂ်လိုမျိုး၊ စီးရီးအေလိုမျိုး ဒါမျိုး တွေဖြစ်လာနိုင်ပါတယ်။ မရောက် ခင်စပ်ကြားတော့ ကျားကန်နေရတာပေါ့’’ ဟု ဇွဲကပင်အသင်းပိုင် ရှင်ဦးလှဌေးကပြောသည်။

နိုင်ငံ၏ စီးပွားရေးအခြေအ နေအရ တစ်ဦးချင်းဝင်ငွေလျော့ ကျနေသည့် အနေအထားကကွင်း အတွင်း လာရောက်ကြည့်ရှုလို သည့် ပရိသတ်များအတွက် အခက် အခဲများရှိနေကြောင်း မြန်မာဘော လုံးလေ့လာသူများက သုံးသပ် သည်။

‘‘ဘောလုံးပွဲဆိုရင် ဘယ်ပွဲ ဖြစ်ဖြစ် မလွတ်တမ်းကြည့်ချင် တယ်။ သို့သော် ဘောလုံးပွဲတစ်ပွဲ ကို ကွင်းထဲမှာသွားကြည့်ဖို့အတွက် အနည်းဆုံးပိုက်ဆံရှစ်ထောင်၊ တစ်သောင်းလောက်ရှိမှ ကြည့်လို့ ရမယ်။ နိုင်ငံတကာမှာ ဘောလုံးပွဲ တွေက ဖျော်ဖြေမှုပေးတဲ့ကစားနည်းတစ်ခုပဲ။ နိုင်ငံရဲ့စီးပွားရေး အခြေအနေအရ ဖျော်ဖြေမှုထက် မိသားစုစားဝတ်နေရေးက အရေး ကြီးနေတယ်’’ဟု မြန်မာဘောလုံးပရိသတ် ကိုတင်အောင်စိုးက ပြော သည်။

လိဂ်ပြိုင်ပွဲစတင်ချိန် အသင်း ပိုင်ရှင်များက ဂျာစီအင်္ကျီများလက် ဆောင်ပေးခြင်း၊ ပျော်ပွဲရွှင်ပွဲများ ဖြင့် ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ သော်လည်း နောက်ပိုင်းနှစ်များ တွင် ကုန်ကျစရိတ်မြင့်မားခြင်း ကြောင့် ယင်းအစီအစဉ်များပြု လုပ်နိုင်ခြင်းမရှိတော့ဘဲ ပရိသတ် ကို ဆွဲဆောင်ရာတွင် အားနည်းလာ ခဲ့သည်။

‘‘ကလပ်တွေအနေနဲ့ကိုယ် တိုင်အထောက်အပံ့ စပွန်ဆာမရှာ နိုင်ရင်၊ ငါးနှစ်ကြာလာရင်ပြဿ နာရှိနိုင်ပါတယ်။ ကျွန်တော်တို့လို အသင်းငယ်တွေအနေနဲ့၊ စီးပွား ရေးတစ်ခုအနေနဲ့ လုပ်ဖို့မဖြစ်နိုင် သေးတဲ့အချိန် Marketing ကောင်း ကောင်း လုပ်နိုင်မှပဲတောင့်ခံနိုင် မယ်လို့ထင်ပါတယ်’’ ဟုချင်းယူ နိုက်တက် ဒုဥက္ကဋ္ဌဒိုကမ်ခုတ် က ပြောသည်။

ပရိသတ်စိတ်ဝင်စားမှု ပြန် လည်ရရှိရန် ပြိုင်ပွဲကျင်းပရေး ကော်မတီက နည်းလမ်းမျိုးစုံသုံး ကာ လုပ်ဆောင်နေသော်လည်း ဘောလုံးပွဲများ ရသမပေးနိုင်ခြင်း ကြောင့် ပရိသတ်ဝင်ရောက်ကြည့် ရှုနည်းပါးခြင်းနှင့် ရင်ဆိုင်နေရ ကြောင်းနှင့် ပြိုင်ပွဲအရည်အသွေး တိုးတက်လာသည့်တစ်နေ့၌ ပရိ သတ်ပိုမိုဝင်ရောက် အားပေးလာ မည်ဟု ယုံကြည်ကြောင်း ဦးစိုးမိုး ကျော်က ပြောသည်။

‘‘ကျွန်တော်တို့ရဲ့ ထုတ်ကုန် က ဘောလုံးပွဲတွေပဲ။ ထုတ်ကုန်မ ကောင်းဘဲ နည်းလမ်းမျိုးစုံနဲ့ ကြော်ငြာလည်း အောင်မြင်မှာ မဟုတ် ဘူး။ ထုတ်ကုန်ကောင်းမှ အားပေး သူတွေရှိလာမယ်။ စပွန်ဆာတွေ လိုက်လာမယ်။ လိဂ်ကအောင်မြင် လာမယ်။ ဘောလုံးပွဲတွေကောင်း ဖို့ဆိုရင် ဘောလုံသမားတွေကြိုး စားဖို့လိုတယ်။ လိဂ်က ဘောလုံး သမားတွေပေါ်မူတည်နေတယ်’’ ဟု ၎င်းကပြောသည်။

‘‘လိဂ်စတုန်းကလောက်ပရိ သတ်တွေ မများလာတော့ဘူး။ တ ချို့ပွဲဆို ပရိသတ်ဆိုလို့ကစားသ မားတွေရဲ့ မိသားစုပဲရှိတော့တယ်။ လိဂ်ရဲ့ ပြိုင်ဆိုင်မှုတွေလည်း အရင် လို မပြင်းထန်တော့ပါဘူး။ဒါက လိဂ်မှာ အဘက်ဘက်ကလိုအပ် ချက်တွေ ရှိနေတယ်လို့မြင်မိပါ တယ်။ အသင်းတချို့မှာဆိုကစား သမားတွေ လစာပြဿနာရှိလာ တဲ့အခါ ပြိုင်ပွဲအပေါ် အာရုံစိုက်မှု လည်း လျော့လာနိုင်ပါတယ်။ သူ ဌေးတွေအနေနဲ့လည်း အကျိုးအ မြတ်မရှိဘဲ အသင်းတွေအပေါ် ရင်းနှီးပေးထားတဲ့ အတွက် ကျေးဇူး တင်မိပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဘက်ကလည်း အ ကောင်းဆုံး ပြန်ပေးဆပ်နိုင်ပြီး လက်ရွေးစင်အသင်းကို လည်း အောင်မြင်စေချင်တယ်။ လက်ရွေး စင်အောင်မြင်ရင် လိဂ်လည်း ပြန် အောင်မြင်လာမယ်လို့ ထင်မိပါ တယ်’’ ဟု မကွေးအသင်း ကစားသ မားကျော်ဇင်လွင်က ပြောသည်။

ယခုနှစ်တွင် စပွန်ဆာရရှိမှု နည်ပါးခြင်းကြောင့် ပြိုင်ပွဲဝင် အ သင်းများအတွက်ထောက်ပံ့ငွေကို ယခင်နှစ်များထက် ထက်ဝက်သာပေးနိုင်တော့မည်ဟု မြန်မာလိဂ်အမှုဆောင်အရာရှိချုပ်က ပြောကြားထားသည်။

‘‘ကျွန်တော့်အမြင်ပြောရရင် အသင်းပိုင်ရှင်တွေ၊ ကစားသမား တွေ၊ နည်းပြတွေ၊ လိဂ်ကတာဝန် ရှိသူတွေ အားလုံးပေါင်းပြီးတော့ Fourm တစ်ခုလောက်လုပ်ပြီး အ ဖြေရှာသင့်တယ်လို့ ထင်ပါတယ်။ အခုဆို ထောက်ပံ့ကြေးတွေပါ လျှော့ချလိုက်တော့ အသင်းတွေ အနေနဲ့ အခက်အခဲဖြစ်လာပါ တယ်။ ဒီပုံအတိုင်းဆို နောက်ငါးနှစ် တောင် တောင့်ခံနိုင်မယ့် အခြေအ နေမရှိနိုင်ပါဘူး’’ ဟုအားကစား က လောင်ရှင်ကိုနေကိုကပြောသည်။

အစိုးရကလည်း အားကစား ကဏ္ဍဖွံ့ဖြိုးတိုး တက်လာအောင် အခြေခံကျောင်း များ၌ အားကစားပြိုင်ပွဲများ ပြုလုပ်မှုနည်းပါးနေသ လိုရန်ကုန်မြို့တွင် ဘောလုံးကစား ကွင်းများလည်း တစ်နေ့တခြားရှား ပါးလာသည်။ ထို့အပြင်ရန်ကုန်အ ခြေစိုက် မြန်မာလိဂ်ပြိုင်ပွဲဝင် အသင်းများ၏ လေ့ကျင့်ရေးကွင်း များ၊ လူငယ်လိဂ်နှင့်အမျိုးသမီး လိဂ်အတွက် ပြိုင်ပွဲကျင်းပရေး ကွင်းများပါ အခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း မြန်မာ့အားကစား လေ့လာစောင့်ကြည်သူများက ဆို သည်။

‘‘အစိုးရဆိုတာက ပြည်သူ တွေရဲ့ အမြင်ကို ဦးစားပေးတာပါ။ ပြည်သူတွေကမှ စိတ်မဝင်စားတဲ့ လိဂ်ကို သူတို့ထောက်ပံ့ပေးဖို့ဆို တာ မဖြစ်နိုင်ပါဘူး။ လိဂ်တာဝန်ရှိ သူတွေအနေနဲ့ အခက်အခဲတွေကို အဖြေတစ်ခု တိတိကျကျရှာသင့် ပြီး အစိုးရပိုင်းကို တင်သင့်တာတင်၊ လွှတ်တော်အထိ တင်ပြသင့်ရင် လည်း တင်ပြရပါမယ်။ တိတိကျ ကျတင်ပြနိုင်မှ လိဂ်ကို သူတို့ဘက်ကလည်း ပြန်ကြည့်လာနိုင်မှာပါ။ ဒါမှမဟုတ်ရင်တော့ ငွေကြေးသန်းပေါင်းများစွာ ရင်းနှီးထားတဲ့ ဒီ MNL Project ကြီးက Fail Project ဖြစ်သွားနိုင်ပါတယ်’’ ဟု မြန်မာ စပယ်ရှယ်အားကစား ဂျာနယ် အမှု ဆောင်အရာရှိချုပ် ဦးရဲနိုင်ဝင်းက ပြောသည်။

#Credit #7Daily News Journal

#MFFG

Comments