လက်ရွေးစင် ဟောင်း များ ပါ ၀င် လာ သည့် မြန်မာ အမျိုးသမီး အ သင်း နှင့် ဗီယက်နမ်အမျိုးသမီး အသင်း ခြေစမ်းပွဲ ကစားရန် စီစဉ်

မန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအတွက် လေ့ကျင့်မှု အနေဖြင့် မန္တလေးမြို့ရှိ မန္တလာသီရိအား ကစားကွင်း၌ ဗီယက်နမ် အမျိုးသမီး အသင်း နှင့် ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရသည်။
မေ ၂၈ ရက်မှစ၍ ပဏာမကစားသမား ၂၇ဦးဖြင့် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့ လက်ရွေး စင် အမျိုးသမီး အသင်းသည် ဆီးဂိမ်းမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားနိုင်ရန် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်သို့ ဖိတ်ကြားထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာဦးဇော်မင်းထိုက်ကပြောသည်။
''ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ အမျိုးသမီးအသင်း ကြိုတင်ပြင်ဆင်မှုအဖြစ် ဗီယက်နမ် အမျိုးသမီး အသင်းနဲ့ မန္တလာသီရိ အားကစားကွင်းမှာ ဇွန် ၂၂ ရက်နဲ့ ၂၅ ရက်တို့မှာ ခြေစမ်းပွဲနှစ်ပွဲကစားဖို့ စီစဉ်ထားတယ်။ ဗီယက်နမ် ဘောလုံး အဖွဲ့ချုပ်ကတော့ အကြောင်း မပြန် သေးပါဘူး''ဟု ဦးဇော်မင်း ထိုက်က ပြောသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အတွက်ကြိုတင် ပြင်ဆင်မှု များပြုလုပ် ရာတွင် ပြည်တွင်း အမျိုးသမီးလိဂ်ပြိုင်ပွဲမှ ခြေစွမ်းပြနေသည့် ပဏာမကစားသမား ၂၇ ဦးကို ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ ယင်းထဲတွင် ကစားသမား ဘဝမှအနားယူပြီး လိဂ်ပြိုင်ပွဲ စတင်ချိန်တွင် ဇွဲကပင်ယူ နိုက်တက်အသင်းနှင့် ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာသည့် ဝါရင့်ကွင်းလယ် ကစား သမား သန်းသန်းထွေး ပါဝင်လာပြီး စန်းစန်းမော်၊ ခင်မာလာထွန်း၊ နော်အားလိုဝါးဖော ကဲ့သို့ ဝါရင့် ကစား သမားများ နှင့်နုနု၊ ဂျူလှိုင်ကျော် စသည့် လူငယ် ကစားသမားများကို ရွေးချယ် ထားသည်။

Comments