ချဲလ်ဆီး အသင်း ဂိုးသမား ကော်တိုရစ်ဟာ ၎င်းအနေဖြင့် အသင်းနှင့် စာချုပ်သစ် အတွက် ကမ်းလှမ်း ဆွေးနွေးမှုတွေကို ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။ သူဟာ ချဲလ်ဆီး အသင်းနှင့် စာချုပ်သစ် အတွက် ဆွေးနွေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ငြင်းဆိုလိုက်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အဆိုပါ အနေအထားကို ရီးရဲလ်မက်ဒရစ် အသင်းက စောင့်ကြည့်နေပြီး ကော်တိုရစ်ကို ခေါ်ယူသွားဖို့ အတွက် ပြင်ဆင်နေပါတယ်။ ချန်ပီယံလိဂ် ၂ နှစ်ဆက် ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းဟာ အေစီမီလန် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုတော့မှာ မဟုတ်တဲ့ အီတလီ ဂိုးသမား ဒွန်နာရာမာကိုလည်း ပစ်မှတ်ထားနေတာ ဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်ယူ အသင်း ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ အတွက် အကြိမ်ကြိမ် ပစ်မှတ်ထားနေပေမယ့် ပြောင်းရွှေ့ကြေးအရ ညှိမရ ဖြစ်နေလို့ သွေးအေးသွားနိုင်ကြောင်း သိရပါတယ်။
Comments
Post a Comment