မြန်မာ ယူ-၂၂ အသင်း အတွက် ဂိုးသမား မျိုးမင်းလတ်ကို ထပ်မံခေါ်ယူ အင်အားဖြည့် ရန်စီစဉ်

အာရှဖလားခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၌ ရွေးချယ်ထားသောဂိုးသမားများမှာ အတွေ့အကြုံနုနယ်သောကြောင့် ကမ္ဘာ့ဖလား ယူ-၂ဝ တွင် ပါဝင်ခဲ့သော ရှမ်းယူနိုက်တက် အသင်း ဂိုးသမားမျိုးမင်းလတ်ကို ထပ်မံခေါ်ယူအားဖြည့်ရန် စီစဉ်နေကြောင်း မြန်မာ ယူ-၂၂ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင် ကပြောသည်။

''အသင်းမှာ လိုအပ်ချက်တွေရှိနေသေး တယ်။ နောက်တန်းနဲ့ ဂိုးသမားနေရာအထိ လိုအပ်ချက်ရှိတယ်။ ကျွန်တော်တို့က လောလောဆယ်မှာ ဆီးဂိမ်းအတွက် ယာယီစာရင်း ၂၅ ဦးပေးထားတယ်။ ဒါပေမဲ့ နောက်ဆုံးဖိုင်နယ် ကစားသမားစာရင်း တင်တဲ့အခါ ပြောင်းလို့ရသေးတယ်။ ဆီးဂိမ်းမတိုင်မီ ပြင်ဆင်ချိန်ရှိ သေး တယ်။ ဒီထက် ကောင်းတဲ့သူရှိရင် လူလဲသွားမယ်။ အခုဆို ကျွန်တော်တို့ မျိုးမင်းလတ်ကို ပြန်ခေါ်ယူဖို့ ကြိုးစားနေတယ်။ ကျွန်တော်က ဆီးဂိမ်းမှာအကောင်းဆုံးဂိုးသမား လိုချင်တယ်။ All Star အသင်းနဲ့ ဖမ်းသွား တဲ့ ဂိုးသမားကလည်းမဆိုးပါဘူး။ မျိုးမင်းလတ်က လေးနိုင်ငံပွဲတော့ မပါတော့ဘူး။ သူ့ကို အပြီး တော့ မခေါ်ဘူး။ လက်ရှိ အသင်းမှာရှိတဲ့ လူငယ်တွေလောက် အဆင်ပြေရင်တော့ ခေါ်မယ်''ဟု ဦးသန်းတိုးအောင် ကပြောသည်။

လက်ရှိတွင် မြန်မာ ယူ-၂၂ အသင်း၌ လိုအပ်ချက်များ ရှိနေသော်လည်း ကစားသမား အပြောင်းအလဲ ပြုလုပ်ခြင်း အပိုင်းသည် နည်းပြချုပ်သာ လုပ်ပိုင်ခွင့်ရှိပြီး မိမိတို့မှာ အကြံပြုခြင်းသာ ပြုလုပ်နိုင်ကြောင်းနှင့် တိုက်စစ် နေရာ၌လည်း ထပ်မံအင်အား ဖြည့်ရန် ရည်ရွယ်ထားကြောင်း ဦးသန်းတိုးအောင်ကပြောသည်။

#မြဝတီ #MFFG

Comments