သို့သော် ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သာ သတ်မှတ်ခံရနိုင်
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသ မားဟောင်း ဒီမာရီယာဟာ အခွန်ရှောင်တိမ်းမှုနဲ့ပတ်သက်ပြီး စပိန်အစိုးရရှေ့နေတွေရဲ့ စွဲချက်ကို ဖြောင့်ချက်ပေးလိုက်ဖြစ်တာေ ကြာင့် ထောင်ဒဏ်(၁)နှစ်နဲ့ ငွေဒဏ် ပေါင်(၁.၇၆)သန်း ပြစ်ဒဏ်ချခံခဲ့ရပါတယ်။ ၂၀၁၀ကနေ ၂၀၁၄ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့တဲ့ ဒီမာရီယာဟာ အခွန်ရှောင်တိမ်းမှု ပြစ်ချက်(၂)ခုနဲ့ စွဲချက်တင်ခံခဲ့ရပြီး ပြစ်ချက်(၁)ခုကို (၆)လစီနဲ့ (၁)နှစ်ချမှတ်ခံခဲ့ရပါတယ်။ စပိန်အကောက်ခွန်ဌာနကို သူပေးဖို့ကျန်ရှိတာကတော့ ပေါင်(၁.၁၄)သန်းပါ။ အခုအခါ ဒီမာရီယာဟာ ပီအက်စ်ဂျီအသင်းမှာ ကစားနေတာဖြစ်ပြီး သူ့အနေနဲ့ ထောင်ဒဏ်ချခံရတယ်ဆိုပေမယ့် တကယ်တမ်း အကျဉ်းထောင်ထဲမှာနေရာမှာမဟု တ်ပါဘူး။ စပိန်နိုင်ငံရဲ့ဥပဒေအရ ထောင်ဒဏ်(၂)နှစ်အောက် ပြစ်ဒဏ်ချခံရသူတွေအနေနဲ့ အရင်က ပြစ်ချက်တစ်စုံတစ်ရာမရှိခဲ့ ရင် ဆိုင်းငံ့ထောင်ဒဏ်နဲ့ပဲ ကျခံရနိုင်တယ်လို့ သိရပါတယ်။
Credit-SkyNet Sports Channel
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသ
Credit-SkyNet Sports Channel

Comments
Post a Comment