ရန်ကုန်တက္ကသိုလ်တွင် ဒီ ဇင်ဘာ၌ဖွင့်လှစ်မည့် ဘွဲ့ကြိုပထမ နှစ်သင်တန်းများတွင် တစ်ဘာသာလျှင် ၁၀၀ ဦးဖြင့် ဘာသာရပ် ၂၂ ခုအတွက် ကျောင်းသား၊ ကျောင်းသူ ၂,၂၀၀ ဦးလက်ခံမည်ဖြစ်သည်။‘‘ရန်ကုန်တက္ကသိုလ်ကတစ် ဘာသာစီကို ၁၀၀ ဦးခေါ်မယ်’’ ဟု ရန်ကုန်တက္ကသိုလ်ပါမောက္ခ ချုပ်ဒေါက်တာဖိုးကောင်းကပြော ကြားသည်။
ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ကို အဆင့်မြင့်ပညာဦးစီးဌာနကထုတ်ပေးမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာဖြင့် လျှောက်ထားရ မည်ဖြစ်ပြီး လျှောက်လွှာများကို အမှတ်အများဆုံးမှ အနည်းဆုံးထိ စိစစ်ကာ ၁၀၀ ပြည့်သည်အထိ ခေါ်ယူမည်ဖြစ်သည်။ ရန်ကုန် တက္ကသိုလ်ဘွဲ့ကြိုသင်တန်းတက် ရောက်ခွင့်ရသူများအနက် သတ် မှတ်အမှတ်များထက် ကျော်လွန် သူများကို တစ်လလျှင်ကျပ်တစ် သိန်းဖြင့် ဝိဇ္ဇာချွန်ဆု၊ သိပ္ပံချွန်ဆု များ ချီးမြှင့်မည်ဖြစ်သည်။
‘‘အမှတ်တွေကတော့ အ ဆင့်မြင့်ပညာဦးစီးဌာနကို တင် ထားတုန်းပဲရှိသေးတယ်။ ဝင်ခွင့် လမ်းညွှန်ထွက်လာရင် အသေး စိတ်ပါပါလိမ့်မယ်’’ ဟု ရန်ကုန် တက္ကသိုလ်သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြော သည်။
၂၀၁၆-၁၇ ပညာသင်နှစ်က ရန်ကုန်တက္ကသိုလ်ဝင်ခွင့်အနိမ့် ဆုံးအမှတ်များသည် မြန်မာစာအ ထူးပြု (မြန်မာ-၇၀၊ ပေါင်း ၄၁၀)၊ အင်္ဂလိပ်စာအထူးပြု( အင်္ဂလိပ် စာ-၇၀၊ ပေါင်း-၃၉၀)၊ ပထဝီဝင် အထူးပြု (ပထဝီ-၆၅ ပေါင်း-၃၉၅)၊ သမိုင်းအထူးပြု (အင်္ဂလိပ် စာ-၅၅၊ ပေါင်း ၃၉၀)၊ဒဿနိက အထူးပြု (အင်္ဂလိပ်စာ-၆၅၊ ပေါင်း-၃၈၀)၊ စိတ်ပညာအထူး ပြု (အင်္ဂလိပ်စာ-၆၅၊ ပေါင်း- ၄၀၀)၊ ဥပဒေပညာ (အင်္ဂလိပ်စာ -၆၅၊ ပေါင်း- ၄၅၀)၊ အရှေ့ တိုင်းပညာ (အင်္ဂလိပ်စာ-၆၀၊ ပေါင်း- ၃၈၀)၊ နိုင်ငံတကာဆက် ဆံရေး (အင်္ဂလိပ်စာ-၇၀၊ ပေါင်း - ၄၅၀)၊ မနုဿဗေဒ (အင်္ဂလိပ် စာ-၆၀၊ ပေါင်း- ၃၉၀)၊ ရှေး ဟောင်းသုတေသန (အင်္ဂလိပ် စာ-၆၀၊ ပေါင်း- ၄၁၀)၊ ဓာတု ဗေဒ (ဓာတုဗေဒ-၈၀၊ ပေါင်း- ၄၄၀)၊ ရူပဗေဒ (ရူပဗေဒ-၈၀၊ ပေါင်း ၄၅၀)၊ သင်္ချာ (သင်္ချာ-၈၀၊ ပေါင်း-၄၄၀)၊ သတ္တဗေဒ (ဇီဝ ဗေဒ-၇၀၊ ပေါင်း-၄၂၀)၊ ရုက္ခ ဗေဒ (ဇီဝဗေဒ-၇၅၊ ပေါင်း ၄၂၀)၊ဘူမိဗေဒ (ရူပ၊ဇီဝ၊-၇၅၊ ပေါင်း -၄၂၀)၊ ကုန်ထုတ်ဓာတုဗေဒ (ဓာတုဗေဒ-၈၀၊ ပေါင်း-၄၃၀)၊ ကွန်ပျူတာသိပ္ပံ (သင်္ချာ-၈၀၊ ပေါင်း-၄၅၀)၊ နိုင်ငံရေးသိပ္ပံ (အင်္ဂလိပ်စာ-၆၅၊ ပေါင်း- ၄၄၀)၊မြန်မာမှုပညာ (မြန်မာစာ-၆၀၊ အင်္ဂလိပ်စာ-၆၀၊ ပေါင်း-၄၁၀)၊ စာကြည့်တိုက်နှင့် သုတပညာ (အင်္ဂလိပ်စာ-၆၀၊ ပေါင်း-၃၈၀) ဖြစ်သည်။
Credit-7daydaily
Comments
Post a Comment