ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လမ်းပွန်းခရိုင် ဘန့်ဟုန့်မြို့နယ်ထဲမှာ ဇွန် ၁၄ ရက်မနက်ပိုင်းက မြန်မာအလုပ်သမားတွေ သစ်သီးခြံထဲ အလုပ်ဆင်းစဉ် တရားမ၀င်အလုပ်သမား စစ်ဆေးရေးပူးပေါင်းအဖွဲ့တွေ
ဘန့်ဟုန်းမြို့နယ် ဘန့်နမ့်ဖို့ဖ ကျေးရွာထဲမှာ တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လုပ်ကိုင်ကြောင်း တိုင်ကြားချက်အရ လမ်းပွန်းခရိုင် လ၀ကရဲတပ်ဖွဲ့ဝင်နဲ့ တာဝန်ရှိသူတွေဟာ ဇွန် ၁၄ ရက်မနက်က အဆိုပါ သစ်သီးခြံထဲ ၀င်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးချက်အရ အဆိုပါခြံထဲမှာ လမ်းယိုင်းသီးခူးဆွတ်နေတဲ့ အလုပ်သမားအယောက် ၂၀ ရှိပြီး အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်ရှိကြောင်း၊ အားလုံး မြန်မာနိုင်ငံကလာတဲ့ အလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။
၁၈ ဦးမှာ ထိုင်းနိုင်ငံထဲ ၀င်ရောက်နေထိုင်ခွင့် အထောက်အထားတစုံတရာမရှိဘဲ ကျန် ၂ ဦးမှာ ပန်းရောင်နေထိုင်ခွင့်ကတ်ရှ
ဒါ့အပြင် ခြံပိုင်ရှင် ထိုင်းလူမျိုး ၂ ဦးကိုလည်း ခွင့်ပြုချက်မရတဲ့ တရားမ၀င်အလုပ်သမားတွေ ငှားရမ်းခန့်ထားမှု၊ တရားမ၀င် ၀င်ရောက်လာသူတွေကို လက်ခံခိုလှုံခွင့်ပေးမှုတွေနဲ
ထိုင်းဥပဒေအရ ခွင့်ပြုချက်မရတဲ့ အလုပ်သမားကို ငှားရမ်းတဲ့ အလုပ်ရှင်ဟာ အလုပ်သမား တဦးအတွက် အနည်းဆုံးဘတ် ၁ သောင်း မှ အများဆုံး ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်၊ တရားဝင်အထောက်အထားမရှိသူကို
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလ
အလုပ်သမားကတ်ပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့နေရာမှာ ၀င်လုပ်ရင် ဘတ် ၂ သောင်းထက်မပိုတဲ့ ငွေဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။
DVB
Comments
Post a Comment