မိခင္နုိ့တုိက္ကေ်ႊးရင္ ကေလးငယ္မ်ား ရင္က်ပ္ေရာဂါလေ်ာ့ကေ်စ



လေ့လာမှုအသစ်အရ မိခင်နို့ရဲ့အကျိုးများရှာဖွေတွေ့ရှိထားရာ မျိုးရိုးနဲ့ဆိုင်တဲ့ ရင်ကျပ်ရောဂါကလေးငယ်များ ဟာမိခင်နို့ရည်တိုက်ကျွေးရင် ရင်ကျပ်ရောဂါကျစေကြောင်း တွေ့ရတယ်။ မိခင်နို့တိုက်ကျွှေးခြင်းက မျိုးရိုး လိုက် ရင်ကျပ်ရောဂါလို ဖြစ်ပွှားမှုကို လျော့ပါးစေတယ်။ ရင်ကျပ်ရောဂါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကလေး များနဲ့ကြီးကောင်ဝင်စ ကလေးများရဲ့ ၈.၆ရာခိုင်နှုန်းခံစားကြရပါတယ်။ ကလေးငယ်များနာတာရှည်ခံစားကြရတဲ့ တွေ့မြင်နေကျေရာဂါဖြစ်တယ်။

ရင်ကျပ်လကခဏ္ဍာများဟာ အသက်ကြီးဘ၀ရင်ကျပ်သလိုမျိုးချွှဲကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းမျိုးပါဝင်ပြီး လေ၀င်ပေါက်ကျဉ်းလာတာနဲ့အမျှ ရင်ကျပ်ပိုဆိုးဝါးလာပါတယ်။ ရင်ကျပ်ရောဂါ ဟာအမေရိကန်ပြည်ထောင်စု တစ်ဝန်းဆေးရုံများမှာ တတိယအများဆုံးရောဂါဖြစ်တယ်။ ကလေးတွေကျောင်းပျက်များရတဲ့ ရောဂါလည်းဖြစ်တယ်။

ရင်ကျပ်ရေဂါဖြစ်ရတာနဲ့ ပတ်သက်လို့ရှင်းရှင်းလင်းလင်း မသိကြရသေးဘူး ပတ်ဝန်းကျင်ရာသီဥတုနဲ့ မျိုးရိုးပေါ် မှာမူတည်နေပါတယ်။ သုတေသီများဟာ ဗီဇဂျင်းများလေ့လာခဲ့ရာ ခရိုဆုမ်း ၁၇ နှင့် ၂၁ ကိုတွှေ့ခဲ့ကြတယ်။ ခရို မိုးမိုဆုမ်း ၁၇ မှာ ကလေးဘ၀ရင်ကျပ်ရောဂါ ပိုမိုဆိုးဝါးစေတယ်။ မျိုးရိုးရှိတဲ့ကလေးဟာ ပတ်ဝန်းကျင်ရာသီဥတု ဖောက်ပြန်ဆိုးဝါးလာရင် ရင်ကျပ်ခံစားစေဖို့ဆို ညှစ်ယူလိုက်သလိုဖြစ်လာတယ်။

သုတေသီဒေါက်တာ အော်လန်ဂါနိုဗာ ဆွှစ်ဇာလန်နိုင်ငံဘေဆယ်တက္ကသိုလ် ကလေးဆေးရုံနှင့်အဖွှဲ့က ခရိုမို ဆုမ်း (၁၇)(၉)(၂၁) ဗီဇရှိသူများပင် မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် ရင်ကျပ်ရောဂါရှောင်ရှားနိုင်တာတွေ့ရှိခဲ့ကြတယ်။

Healthcare

Comments