လီဝန်ဒေါ့စကီးကို တရားမ၀င် ခေါ်ယူပါက ဖီဖာသို့ တိုင်မည်ဟု ဘိုင်ယန်မြူးနစ် အတည်ပြု


ဘိုင်ယန်မြူးနစ် အသင်းကတော့ သူတို့ အသင်း တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို ခေါ်ယူဖို့ အတွက် တရားမ၀င် ချဉ်းကပ် ကမ်းလှမ်းဖို့ အတွက် ကြိုးစားပါက ဖီဖာကို တိုင်မယ်လို့ ဆိုလာခဲ့ပါတယ်။ မန်ယူ အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်း တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို ခေါ်ယူဖို့ အတွက် အဓိက ပြိုင်ဘက် ချဲလ်ဆီး အသင်းနှင့် အပြိုင် ကြိုးစားနေကြောင်း ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အဆိုပါ ပိုလန် တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ မပျော်ရွှင် ဖြစ်နေကြောင်း အေးဂျင့် ဖြစ်သူ မီလ်ဘာသယ်က ဆိုခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ၂၀၂၁ ခုနှစ် အထိ ဘိုင်ယန်မြူးနစ် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အေးဂျင့် ဖြစ်သူရဲ့ စကားကြောင့် လီဝန်ဒေါ့စကီးကို ကလပ်အသင်း အများအပြား ပိုပြီး စိတ်ဝင်စားလာဖို့လည်း များနေပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ လီဝန်ဒေါ့စကီးကို ခေါ်ယူဖို့ အတွက် ကာလရှည် ပစ်မှတ်ထားနေပေမယ့် အဆိုပါ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ကစားလိုပြီး လန်ဒန်မှာ နေလိုတာကြောင့် အဆင်မပြေ ဖြစ်နေကြောင်း သိရပါတယ်။
Credit-SkyNet Sports Channel

Comments