ပေါ်တို ဂိုးသမား အက်ဒရီယာဖာနန်ဒက်ဇ်ကို အပြီးသတ် ခေါ်ယူလိုက်တဲ့ ဗီလာရီးရဲလ်

ဗီလာရီးရဲလ် အသင်းဟာ ပေါ်တို အသင်းကနေ လာရောက် အဌားကစားနေတဲ့ ပေါ်တို ဂိုးသမား အက်ဒရီယာဖာနန်ဒက်ဇ်ကို အပြီးသတ် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အဆိုပါ အသက် ၃၀ အရွယ်ရှိ ဂိုးသမား ဖြစ်သူဟာ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ရာသီက ဗီလာရီးရဲလ် အသင်းမှာ တစ်ရာသီ အဌားကစားခဲ့ပြီး ယခုအခါမှာတော့ အသင်းနှင့် အတူ ၄ နှစ် စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက သူဟာ ဗီလာရီးရဲလ် အသင်းမှာ ဂိုးသမား ဆာဂျီယိုအဆန်ဂျို အတွက် အရန်အားဖြည့် အနေနဲ့ ရာသီအစမှာ စတင်ခဲ့ရပေမယ့် နောက်ပိုင်း အသင်းရဲ့ ပထမ ဦးစားပေး ဖြစ်တဲ့ အဆန်ဂျို ဒဏ်ရာရချိန်မှာတော့ ပွဲထွက် ဂိုးသမား အဖြစ် ပြန်လည် နေရာရလာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Credit-SkyNet Sports Channel

Comments