ကမ်းလှမ်းမှုများရရှိပါက လူကာကူကို အဲဗာတန်အသင်း ရောင်းချမည်

အဲဗာတန်အသင်းတိုက်စစ်မှူး လူကာကူ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာက အကယ်၍ လူကာကူကို ကလပ်အသင်းများက တရားဝင်ကမ်းလှမ်းမှု ပြုလုပ်မည်ဆိုပါက ယခုနွေရာသီတွင် ၎င်းကို ရောင်းချမည်ဟု အဲဗာတန်အသင်းက ကတိပေးခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
လူကာကူ၏ လက်ရှိစာချုပ်သက်တမ်းမှာ (၂)နှစ်ကျန်ရှိနေပြီး အဲဗာတန်အသင်းက ကလပ်စံချိန်တင် လစာငွေဖြင့် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းက ပယ်ချခဲ့သည်။ လူကာကူအား အသင်းဟောင်း ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့က ပစ်မှတ်ထား နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။
ယခုအခါ ရိုင်အိုလာက "အခုနွေရာသီမှာ ကလပ်အသင်းတစ်သင်းက လူကာကူကို တရားဝင် ကမ်းလှမ်းမယ်ဆိုရင် သူ့ကို အသင်းက ထွက်ခွာခွင့်ပြုမယ်လို့ အဲဗာတန်အသင်းက ကတိပေးခဲ့ပါတယ်။ အခုလောလောဆယ်တော့ ဘယ်သူနဲ့မှ စကားပြောတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဈေးကွက်သတင်းတွေ အရတော့ တချို့အသင်းတွေအနေနဲ့ အဲဗာတန်အသင်းဆီ ဆက်သွယ်ကမ်းလှမ်းလာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ဆိုခဲ့သည်။
Photos: DailyMail
Credit Eleven Sports

Comments