အငှားကိုယ်ဝန်ဖြင့် အမြွှာသားလေးနှစ်ဦး မွေးဖွားခဲ့သည်မှာ မှန်ကန်ကြောင်း စီရော်နယ်လ်ဒို အတည်ပြု

                                   Image may contain: 2 people, people smiling
အငှားကိုယ်ဝန်ဖြင့် အမြွှာသားလေးနှစ်ဦး မွေးဖွားခဲ့သည်မှာ မှန်ကန်ကြောင်း စီရော်နယ်လ်ဒို အတည်ပြု
ရီးယဲလ်နှင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက အငှားကိုယ်ဝန်ဖြင့် အမြွှာသားလေးနှစ်ဦး မွေးဖွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။
ယခုသတင်း ထွက်ပေါ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်း ကွန်ဖက်ဒရေးရှင်းဖလားဗိုလ်လုပွဲနှင့် လွဲချော်အပြီးတွင်မှ အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် အသက်(၇)နှစ်ရှိပြီဖြစ်သည့် ပထမကလေးကိုလည်း အငှားကိုယ်ဝန်ပုံစံဖြင့် မိခင်ကို ဖုံးကွယ်ကာ ရယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် ထပ်မံရရှိခဲ့သည့် အမြွှာရင်သွေးနှစ်ဦးကို မြင်တွေ့ရခြင်းမရှိသေးဘဲ ယခုမှ သွားရောက်ကြည့်ရှုမည်ဖြစ်ပြီး ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ၎င်းကို ခွင့်ပြုပေးလိုက်ပြီဖြစ်သည့်အတွက် ကွန်ဖက်ဒရေးရှင်းဖလား တတိယလုပွဲတွင် ပါဝင်တော့မည်မဟုတ်ကြောင်းလည်း သိရှိရသည်။
စီရော်နယ်လ်ဒိုက အမြွှာသားလေးနှစ်ဦး မွေးဖွားသည်ကို သိရှိခဲ့သော်လည်း ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကိုယ်ရောစိတ်ပါ အာရုံစိုက်နေသည့်အတွက် တွေ့ဆုံမှုမပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ရင်သွေးငယ်များနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ရတော့မည်ဖြစ်သည့်အတွက်အလွန်ဝမ်းမြောက်ပျော်ရွှင်မိကြောင်း Facebook မှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။
Photos: Dailymail
Credit-Eleven Sports 

Comments