ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဟော်လန်လူမျိုးနည်းပြဖြစ်သူ ဖရန့်ဒီဘိုးဝါး (၄၇)နှစ်အား အသင်းနည်းပြအဖြစ် ခန့်အပ်ရန်နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဆမ်အလာဒွိုက်စ် အမှတ်မထင် လမ်းခွဲသွားခဲ့ပြီးနောက် နည်းပြလက်မဲ့ဖြစ်နေပြီး ယခုအချိန်တွင် ဖရန့်ဒီဘိုးဝါးကို တရားဝင်ကမ်းလှမ်းခဲ့ကာ နောက်ဆုံးအဆင့် ဆွေးနွေးမှုများကိုလည်း ပြုလုပ်နေပြီဖြစ်သည်။ ပဲလေ့စ်အသင်းပိုင်ရှင် စတိဗ်ပါရစ်ရှ်က ဖရန့်ဒီဘိုးဝါးအား ၄င်းစိတ်ကြိုက်အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားခေါ်ယူမှုအတွက် အာမခံချက်များကိုလည်း ပေးခဲ့ကြောင်း သိရှိရသည်။ ဖရန့်ဒီဘိုးဝါးသည် ပြီးခဲ့သည့် ရာသီက အင်တာမီလန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် (၈၅) ရက်အကြာ နိုဝင်ဘာ ၂၀၁၆ ခုနှစ်ကမှ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။ သူသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အေဂျက်စ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၁ မှ ၂၀၁၅ အထိ အေဂျက်စ်အသင်းကို နယ်သာလန်အမှတ်ပေးချန်ပီယံဆု (၄)နှစ်ဆက် ဆွတ်ခူးအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ photo - Getty images Image may contain
Credit-Eleven Sports
Comments
Post a Comment