မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အထူးသတိပေးတိုက်တွန်းချက်။

လက်ရှိအချိန်သည် ထိုင်းအစိုးရအာဏာပိုင်များအနေဖြင့် တရားမ၀င် အလုပ်သမား ပပျောက်ရေး စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေပါသည်။

ထိုင်းနိုင်ငံတွင် ၀င်ရောက်၊ နေထိုင်၊ အလုပ်လုပ်ကြသော နိုင်ငံခြားအလုပ်သမားများအာ
၁) နေထိုင်ခွင့်လက်မှတ် အထောက်အထား ရှိ/မရှိ
၂) အလုပ်လုပ်ခွင့်လက်မှတ် ရှိ/မရှိ
၃။ အထောက်အထားများ မှန်/မမှန်၊ စုံ/မစုံ စီမံချက်ဖြင့် လိုက်လံ စိစစ်နေသည်။

နေထိုင်ခွင့် သို့မဟုတ် ၀ါ့ပါမစ်မရှိသူ၊ လက်ဝယ်မရှိသူ၊ အချက်အလက်မပြည့်စုံသူ၊ မှားယွင်းသူအား ဖမ်းဆီးအရေးယူမည် ဖြစ်သည်။

ထို့ကြောင့်
မြန်မာရွှေ့ပြောင်းအလုပ်သမားအနေဖြင့်နေထိုင်ခွင့်၊ ၀ါ့ပါမစ်စာရွက်စာတမ်းအား မိမိနှင့်တပါတည်း ယူဆောင်ထားကြပါရန်၊မိမိစာရွက်စာတမ်းပါအချက်အလက်များ မှန်/မမှန်၊ စုံ/မစုံ ကိုယ်တိုင်စိစစ်ထားပါရန်။ 

အထောက်အထားမရှိသူများအနေဖြင့်တရားဝင်အထောက်အထားရရှိစေရန် တရားဝင်စာရွက်စာတမ်းပြုလုပ်ပြီး MOU စနစ်ဖြင့်ပြန်လည် ၀င်ရောက်ကြရန် အထူးသတိပေး တိုက်တွန်းအပ်ပါသည်။
Credit-Robin Son facebook

Comments