မန်မာ့လက်ရွေးစင် ယူ -၁၈ ဘောလုံးအသင်းသည် အာ ဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အကြို ပြင်ဆင်မှုအဖြစ် တရုတ် ယူ-၂၀ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
တရုတ်ဘောလုံးအဖွဲ့ချုပ် ကကြီးမှူးကျင်းပမည့် အဆိုပါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို လာ မည့်ဇူလိုင်အတွင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ် ပြီး ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ ကို တရားဝင်ထုတ်ပြန်ခြင်းမရှိ သေးပေ။
‘‘ယူ-၁၈ အသင်းအနေနဲ့ လာမယ့်အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမတိုင်ခင်မှာ တရုတ်ဘောလုံးအဖွဲ့ချုပ်က ဖိတ်ထားတဲ့ တရုတ်ယူ-၂၀ ပြိုင်ပွဲသွားပြိုင်ဖို့ရှိပါတယ်။ ဒီပြိုင်ပွဲက ဖိတ်ခေါ်ဖလားပုံစံကန်ရမှာမျိုးပါ။ လာပြိုင်မယ့်အသင်းတွေ အတိအကျမသိရသေးပေမယ့် ဒီပြိုင်ပွဲမှာ အ ကောင်းဆုံးရလဒ်ထွက်အောင် ကြိုးစားမှာပါ။ အာဆီယံပြိုင်ပွဲအကြိုကစားရမှာဖြစ်တဲ့အတွက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို လည်း မြှင့်တင်နိုင်မယ့် ပွဲမျိုးပါ’’ ဟု မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းနည်းပြချုပ် ဘန်လာဘီက ပြောသည်။
မြန်မာယူ-၁၈ အသင်း သည် ပြီးခဲ့သည့် ဧပြီအတွင်းက ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြု သည့် ဗီယက်နမ် ယူ-၁၉ ဖိတ် ခေါ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့၍ စတုတ္ထ နေရာရရှိခဲ့သည်။
မြန်မာယူ-၁၈ အသင်းသည် ယခုနှစ်အတွင်း ၂၀၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် ၂၀၁၈ အာရှယူ-၁၉ ခြေစစ်ပွဲတို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံက လက်ခံကျင်းပမည့် အာ ဆီယံယူ-၁၈ပြိုင်ပွဲ၌ မြန်မာအ သင်းသည် ဗီယက်နမ်၊ နယူးဇီ လန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘ ရူနိုင်းအသင်းတို့နှင့် ကျရောက်နေ သည်။ ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပမည့် အာရှယူ-၁၉ ခြေစစ်ပွဲတွင် မြန်မာအသင်းသည် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊တရုတ် အသင်းတို့နှင့်အတူ ကျရောက်နေ သည်။
Comments
Post a Comment