ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာများတွင် ကြွက်ဝမ်းဖြူများ ထပ်မံတွေ့ရှိ


ဟိုင်းကြီးကျွန်း ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာအချို့တွင် ဇွန် ၅ ရက်က ကြွက်ဝမ်းဖြူများကို ထပ်မံတွေ့ရှိ၍ ဒေသခံများဝိုင်းဝန်းနှိမ်နင်းလျက်ရှိကြောင်း သိရသည်။

ဇွန် ၅ ရက် နံနက် ၆ နာရီခွဲခန့်က ကံချိုင်ကျေးရွာအုပ်စု ကံချိုင်ကျေးရွာ(အထက်စု) သစ်ပင်များပေါ်ရှိ ကြွက်ဝမ်းဖြူ များကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဒေသခံများက လေးခွ၊တုတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကြရာ ကြွက်ကောင်ရေ ၁ဝဝ ကို အသေရရှိပြီး မြေမြှုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၁ဝ နာရီတွင် ကျောက်ချောင်းကျေးရွာ အုပ်စု သံကြိုးလမ်းကျေးရွာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသက် လွင်ဦး၊ နယ်မြေခံစခန်းမှူး ရဲအုပ်စိုးစိုမင်း၊ စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးအောင်စိုး၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံများဝိုင်းဝန်းရှာဖွေ နှိမ်နင်းမှုကြောင့် စုစုပေါင်း ၅၁၇ ကောင်ကို အသေဖမ်းဆီးရမိပြီး စနစ်တကျ မြေမြှုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောက် ချောင်းကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင်လည်းြ<ွကက်ကောင်ရေ ၅ဝ အသေဖမ်းဆီးရမိကြောင်း သိရသည်။

ကြွက်ဝမ်းဖြူများ အစုလိုက်အပြုံလိုက်တွေ့ရှိမှုသည် ဟိုင်းကြီးကျွန်းမြို့ရှိ ဇီးချိုင်ကျေးရွာတွင် ဇွန် ၃ ရက်က စတင် တွေ့ရှိခဲ့ပြီး ဇွန် ၅ ရက်တွင် ကံချိုင်ကျေးရွာအုပ်စုနှင့် ကျောက် ချောင်းကျေးရွာအုပ်စုတို့တွင် ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း၊ ယခုအချိန်ထိ စုစုပေါင်းအကောင်ရေ ၁၆၆၇ ခန့်အား စနစ် တကျ မြေမြှုပ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Thit Htoo Lwin

Comments