မြန်မာနှင့် ထိုင်း ယူ-၁၈ အသင်း ခြေစမ်းရန်စီစဉ်



By

ရွှေဘုတ်

နိုင်ငံတကာ ပြိုင်ပွဲများ အတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ- ၁၈ ဘောလုံး အသင်းသည် ထိုင်းအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ခြေစမ်းပွဲဖြစ် မြောက်ရန် ထိုင်းဘောလုံးအဖွဲ့ ချုပ်နှင့် ညှိနှိုင်းလျက်ရှိပြီး ဩဂုတ် လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောသည်။

‘‘ယူ-၁၈ အသင်းက ထိုင်းနဲ့ ခြေစမ်းပွဲကစားဖို့ ညှိနေပါတယ်။ ထိုင်းဘောလုံးအဖွဲ့ချုပ်ဘက်က တော့ အတိအကျအကြောင်း မပြန်သေးပါဘူး။ ထိုင်းလက်ရွေးစင် ယူ-၁၈ အသင်းနဲ့ပဲ ကစားသွားမှာပါ။ အခြားနိုင်ငံတကာခြေစမ်းပွဲအနေနဲ့လည်း စီစဉ်ထားတာတွေတော့ ရှိပါတယ်။ သေချာသိရတာနဲ့ သတင်းထုတ်ပြန်ပေးပါ့မယ်’’ဟု ဦးဘုန်းနိုင် ဇော်ကပြောသည်။

လက်ရှိတွင် မြန်မာ့လက် ရွေးစင် ယူ-၁၈ အသင်းကို နည်း ပြချုပ်အဖြစ် ပြင်သစ်နည်းပြ ဘန် လာဘီက တာဝန်ယူကိုင်တွယ် လျက်ရှိပြီး ဖီးနစ်အမည်ဖြင့် ၂၀၁၇ မြန်မာနေရှင်နယ် လိဂ်-၂ ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။

မြန်မာ ယူ-၁၈ အသင်း သည် ယခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲအဖြစ် အိမ်ရှင်ပြုလုပ်မည့် ၂၀၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ နှင့် ကမ္ဘောဒီးယားတွင် ကျင်းပ မည့် ၂၀၁၈ အာရှ ယူ-၁၉ ခြေ စစ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ် ရှင်မြန်မာအသင်းသည် ဗီယက် နမ်၊ နယူးဇီလန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့ နှင့် အုပ်စု(ခ)၌ ကျရောက်လျက် ရှိသည်။

မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘော ဒီးယား၊ တရုတ်အသင်းတို့ ပါဝင်သည့် ၂၀၁၈ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(ဆ)ကို နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ် သည်။

#Credit #7Daily News Journal

#MFFG

Comments