
Byငြိမ်းချမ်း, June 30, 2017
ထိုင်းရောက် တရားမဝင်မြန်မာလုပ်သားများက
ထိုင်းရောက် တရားမဝင် မြန်မာလုပ်သားများအရေးနှင့်
‘‘သူတို့ ဥပဒေပြဋ္ဌာန်းထား တာကို သုံးလတန်သည်၊ လေးလ တန်သည် အလုပ်လုပ်ချိန်၊ ပြင် ဆင်ချိန်ပေါ့။ ပေးဖို့သင့်တယ်လို့။ ပြန်မယ်ဆိုလည်း ပြန်တဲ့သူတွေ အတွက် အချိန်လေးရအောင် လုပ်ပေးဖို့ပေါ့။ နောက်ပြီး ဖမ်း တာဆီးတာတွေလည်း ရပ်ပေးဖို့ အစည်းအဝေးမှာ ပြောပေးပါလို့ အလုပ်သမားဝန်ကြီးကို ပြောထားတယ်။ အခုချက်ချင်းကြီး ဥပဒေ ပြဋ္ဌာန်းပြီးတော့ လိုက်ဖမ်းတယ် ဆိုတာတော့ မသင့်သေးဘူး။ သုံး လတန်သည် ပြင်ဆင်ချိန်ပေးဖို့ လိုမယ်။ အကယ်လို့ အချက်အ လက်နဲ့ မကိုက်ညီဘူးဆိုရင်လည်း ပဲ နှစ်နိုင်ငံညှိပြီးတော့ ခေါ်ဖို့တို့၊ လက်ခံဖို့တို့ လုပ်သင့်ပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီ
ယနေ့(ဇွန်လ ၃၀ ရက်)နှင့် ဇူ လိုင် ၁ ရက်တို့တွင် ရန်ကုန်မြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံပြ
‘‘ကျွန်တော် ဒီသံရုံးကို ရောက်တာလည်း တစ်လပဲရှိပါ သေးတယ်။ တစ်လအတွင်းမှာ တော့ မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်ရေးတွေ အားချင်း လုပ်ပေးနေတယ်လေ။ သံရုံးက ဒီမှာရှိတဲ့ အလုပ်သမားသံအရာရှိ ကလည်း သူ့ရဲ့အင်အားနဲ့ပတ်စ်ပို့ ထုတ်ပေးရေးအဖွဲ့တွေနဲ့ အလုပ် သမားတွေ တစ်ခါတည်းပဲလာရ အောင်၊ နောက်တစ်ခါမလာရ အောင် လုပ်ပေးပါ ဆိုပြီးတော့ တစ်ဖက်က တရားဝင်ဖြစ်ရေး လည်း လုပ်နေပါတယ်။ ဖမ်းတာ ဆီးတာကတော့ သူတို့ ဒီဥပဒေ လုပ်တော့မယ်လို့ ပြောနေတာ တော့ ကြာပါပြီ။ အခုမှ ပြဋ္ဌာန်းပြီး တော့ အကောင်အထည်ဖော် လိုက်တော့ နှစ်နိုင်ငံတော့ ညှိဖို့ လိုမယ်လို့ မြန်မာဘက်က ဝန်ကြီး ဦးသိန်းဆွေလည်း လှမ်းပြောထား တယ်။ သူတို့ဘက်က ဥပဒေအရ မှန်သော်လည်းပဲ အုံနဲ့ကျင်းနဲ့ဖြစ် နေတော့ အဲဒါကြည့်ပေးပါလို့ တော့ ပြောထားတယ်’’ဟု သံအ မတ်ကြီး ဦးမျိုးမြင့်သန်းက ပြော သည်။ ထိုင်းရောက် တရားမဝင် မြန်မာလုပ်သားများကို ဖမ်းဆီး နေမှုနှင့်ပတ်သက်၍ စောင့်ကြည့် နေကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
‘‘အခုက ဘာအကြောင်း ရင်းလဲဆိုတာ ကျွန်တော်တို့က ကြည့်နေတယ်။ အခုက တစ်ပြေး ညီလုပ်နေတယ်ပေါ့နော်။ မြန်မာ တင်မဟုတ်ဘူးဖြစ်နေတယ်။ သူ့ ပြည်တွင်းရေး၊ သူ့ဥပဒေအသစ် လား ထုတ်လိုက်တယ်။ အဲဒီအ ပေါ်မှာတော့ ကျွန်တော်တို့က ဘာမှ ပြောလို့မရဘူး။ သို့သော် ထိုက်သင့်တဲ့ ဖေးမမှုရအောင် သံရုံးတော့ ပြောထားပါတယ်’’ဟု ဦးဇော်ဌေးက ပြောသည်။
7 Day News
Comments
Post a Comment