လမ်း ၃၀ ဗထူးကွင်းတိုက်တန်းတွင် အဲယားကွန်း ပြုပြင်စဉ် ပေါက်ကွဲမှုဖြစ်ပွား လူတစ်ဦး ထိခိုက် ဒဏ်ရာရရှိ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၇၀×၇၁လမ်းကြားရှိ ဗထူးကွင်းတိုက်တန်း၊ အမှတ်(B-1)တွင် ဇွန်လ ၃ရက်နေ့ ည ၇ နာရီ ၁၀မိနစ် အချိန်ခန့်က အဲယားကွန်းပြုပြင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရရှိသည်။ဖြစ်စဉ်မှာ ဗထူးကွင်းတိုက်တန်း၊ အခန်းအမှတ်(B-1)၏ တိုက်ခန်းတွင် တပ်ဆင်ထားသော အဲယားကွန်းပျက်နေသဖြင့် (----) အဲယားကွန်းပြုပြင်ရေးလုပ်ငန်းမှ လုပ်သားများဖြစ်သည့် မျိုးကျော်နှင့် အောင်ကျော်ဇင် အပါအဝင် ၄ ဦးသည် တိုက်ခန်းအပြင်ဘက် နံရံအမြင့် ၁၀ ပေခန့်တွင် တပ်ဆင်ထားသော အဲယားကွန်း Out Door ကြေးပိုက်အတွင်း ချေးများသန့်ရှင်းရန်အတွက် မျိုးကျော်မှ သန့်ရှင်းရေးပြုလုပ်ရာ၌ အသုံးပြုသော ၁လီတာခန့်ရှိ စတီးရောင် ဆေးရည်ဘူးကို ပေါင်းကြားတွင်ညှပ်ထား၍ ပြုပြင်နေစဉ် အောင်ကျော်ဇင် က အောက်ဆီဂျင်လေအိုးထဲမှ လေကို စတီးရောင် ဆေးရည်ဘူးထဲသို့ ဖြည့်သွင်းရာ ဆေးဘူးမှ ဘားကို မဖွင့်မိသဖြင့် ဘူးအတွင်း လေများ အဆမတန်ဝင်ရောက် ပေါက်ကွဲခဲ့သည်။
ဆေးဘူးပေါက်ကွဲမှုကြောင့် အဲယားကွန်းပြင်လုပ်သား မျိုးကျော်၏ ပေါင်၊ လက်နှင့် ဝှေးစေ့တို့တွင် စုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့သဖြင့်မန္တလေး ဆေးရုံကြီးသို့တင်ပို့၍ အတွင်းလူနာအဖြစ် လိုအပ်သော ဆေးဝါးကုသမှုများ ခံယူလျက်ရှိသည်။အခင်းဖြစ်ပွားရာသို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မူး ဒုရဲမှူး ပြေဦးတို့နှင့် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ပြီး ပေါက်ကွဲစေတတ်သောအရာဝတ္ထုကို ပေါ့လျော့စွာအသုံးပြု၍ နာကျင်ဒဏ်ရာများရရှိစေခဲ့သူ မျိုးကျော်နှင့် အောင်ကျော်ဇင်တို့အား အရေးယူပေးရန် ဒုရဲအုပ်ကျော်ထက်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ် ၃ နယ်မြေရဲစခန်း(ပ)၃၃၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ် ၂၈၆/၃၃၇ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal
Thit Htoo Lwin

Comments
Post a Comment