ခန္တီးဆေးရုံနှင့် ပညာရေးဝန်ထမ်းအိမ်ရာအပါအဝင် နေရာ ခုနစ်နေရာထက်မနည်းမြေပြို ချောင်းကူးတံတားအချို့ပျက်စီး
ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ကလေးဝမြို့နယ်မှ ချောင်းကူးတံတားတစ်စင်း(Sit Nyein Aung)
နေရာကွက်မိုးကြီးနေ၍ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှ ဆေးရုံနှင့်ပညာရေးဝန်ထမ်းအိမ် ရာ အပါအဝင် နေရာ ခုနစ်နေရာ ထက်မနည်း မြေပြိုပြီး ဒေသ တွင်း ချောင်းကူးတံတားအချို့ ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြည်လည်နေရာချ ထားရေးဦးစီးဌာန ဦးစီးမှူးညွှန် ကြားရေးမှူး ဦးစဝီလီရမ်ဖရန့်က ပြောသည်။
ဇွန်လ ၁ ရက်တစ်နေ့တည်းတွင် ခန္တီးမြို့ အိမ်တွင်းမှုကျောင်းရှေ့လမ်းကမ်းပါနံရံ၊ မြို့မရပ်ကွက်ပညာရေးဝန်ထမ်းအိမ်ရာ ခြောက် ခန်းတွဲမြေနေရာ၊ မြို့နယ်ပြည်သူ့ ဆက်ဆံရေးရုံးအနီးနှင့် မြို့မရပ် ကွက်အမကကျောင်းအနီး၊ နယ် စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်းအနီး နှင့် အောင်မင်္ဂလာလမ်းမကြီး ကမ်းပါးနံရံပြိုကျခဲ့ပြီး လမ်းပိတ် ဆို့ခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းမှ သတင်းရရှိသည်။

ခန္တီးမြို့မှဆေးရုံအနီး ကမ်း ပါးနံရံသည် ပေ ၁၀၀ ခန့်ပြိုကျမှု ဇွန်လ ၁ရက်က ဖြစ်ပွားပြီးနောက် ဆေးရုံလူနာခန်း၊ သားဖွားခန်းနှင့် သွားနှင့်ခံတွင်းခန်းများ ပျက်စီးခဲ့ သည်။
ဇွန်လ ၁ ရက်တစ်နေ့တည်းတွင် ခန္တီးမြို့ အိမ်တွင်းမှုကျောင်းရှေ့လမ်းကမ်းပါနံရံ၊ မြို့မရပ်ကွက်ပညာရေးဝန်ထမ်းအိမ်ရာ ခြောက် ခန်းတွဲမြေနေရာ၊ မြို့နယ်ပြည်သူ့ ဆက်ဆံရေးရုံးအနီးနှင့် မြို့မရပ် ကွက်အမကကျောင်းအနီး၊ နယ် စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်းအနီး နှင့် အောင်မင်္ဂလာလမ်းမကြီး ကမ်းပါးနံရံပြိုကျခဲ့ပြီး လမ်းပိတ် ဆို့ခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းမှ သတင်းရရှိသည်။
ခန္တီးမြို့အပြင် လေရှီး-ထမံ သီမြို့ဆက်သွယ်ထားသော ကား လမ်းပေါ်မှ ၃၅ မိုင်ချောင်းကူးတံ တားချောင်းရေကြောင့် မျောပါ ပျက်စီးပြီး မတူပီ ရေအားလျှပ်စစ် ချောင်းကူးတံတား ပျက်စီးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ကလေး ဝမြို့နယ်၊ ဆည်ကြီး-အင်ဒုတ် ဆက်သွယ်ထား သည့် ပေ ၃၉၀ အ ရှည်ရှိ ချောင်းကူးသံမဏိကြိုးတံတား ချောင်းရေတိုက်စားမှု ကြောင့် အောက်ခံမြေပြိုမှုဖြစ်ကာ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ကလေးဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ သို့ မေလ ၃၀ ရက်ကဝင်ရောက်ခဲ့ သော မိုရာဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မိုးကောင်းခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆက်လက် မိုးကောင်းနေကာ တောင်ကျရေကြောင့် မြေပြိုမှု အန္တရာယ်အထူးသတိထားရန် မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။ အနောက်တောင်မုတ်သုံလေဝင် ရောက်နေ၍ စစ်ကိုင်းတိုင်းဒေသ ကြီး အပါအဝင် မြန်မာနိုင်ငံအ ထက်ပိုင်းဒေသများတွင် မိုးဆက် လက်ရွာနိုင်သေးကြောင်း ဒေါက် တာထွန်းလွင်က ခန့်မှန်းထား သည်။
Credit-7Day News Journal
Credit-7Day News Journal
Comments
Post a Comment