Skip to main content
မြန်မာယူ- ၂၂ အသင်းနှင့် မွန်ဂိုရီးယားယူ - ၂၂ အသင်း ခြေစမ်းကစားမည်
မြန်မာယူ - ၂၂ အသင်းသည် လာမည့်ဇူလိုင် နောက်ဆုံးပတ်အတွင်း၌ ရန်ကုန်မြို့တွင် မွန်ဂိုရီးယားယူ- ၂၂ အသင်းတို့နှင့် ခြေစမ်းကစားမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည်မြန်မာယူ - ၂၂ အသင်းယှဉ်ပြီုင်မည့် အာရှယူ- ၂၃ ခြေစစ်ပွဲကို လာမည့်ဇူလိုင် (၁၉) ရက်မှ (၂၃) ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး မွန်ဂိုရီးယား
ယူ - ၂၂ အသင်းနှင့် ခြေစမ်းပွဲကို ယင်းခြေစစ်ပွဲပြီးမှ ကစားစေမည်ဖြစ်သည်။ မြန်မာယူ-၂၂ အသင်းနှင့် မွန်ဂိုရီးယားယူ-၂၂ အသင်းတို့၏ ခြေစမ်းပွဲကိုရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သော်လည်း ယှဉ်ပြိုင်ကစားမည့် ရက်ကိုနှစ်ဖက် ဘောလုံးအဖွဲ့ချုပ်မှြ
ပန်လည်ညှိနှိုင်းမည်ဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် ဇူလိုင်လ(၁၃) ရက်တွင် မလေးရှားနိုင်ငံသို့သွားရောက်၍ မလေးရှားယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
#MFFG #Eleven
Comments
Post a Comment