အဆိပ်သင့်ဓာတုပစ္စည်း မာကျုရီ(ပြဒါး)ပါဝင်နေသည့် အလှကုန်ပစ္စည်း(၂)မျိုးကို သုံးစွဲရန်မသင့်ကြောင်း FDAသတ်မှတ်
Collange Plus Day & Night Cream အမည်နှင့် Ly-na Medicated Pearl Past အမည်ရှိ အလှကုန်ပစ္စည်းနှစ်မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဓာတ်ခွဲခန်းအတွင်း စမ်းသပ်စစ်ဆေးရာ သုံးစွဲရန်မသင့်ကြောင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အဆိပ်သင့်ဓာတုပစ္စည်းဖြစ်သည့် မာကျုရီ(ပြဒါး) ကိုသုံးဆွဲပါက အရေပြားယားယံစေခြင်း၊ ယောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်စေခြင်း၊ အရေပြားမှတစ်ဆင့် ခန္တာကိုယ်အတွင်းစုပ်ယူကာထုံကျင်စေခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများကို ဖြစ်ပွားစေနိုင်ပါသည်။
ရေရှည်အသုံးပြုသူများအနေဖြင့် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားနိုင်ပါသည်။ ယခုကဲ့သို့ သုံးစွဲရန်မသင့်ကြောင်းကြေငြာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်း၊ရောင်းချသည့် လက်လီလက်ကား ဆိုင်များသည် ဆက်လက်ရောင်းချခြင်းပြုပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပုဒ်မ(၃) အပိုဒ်(၃)ဃ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Credit-မဇ္ဈိမ
Comments
Post a Comment