ဘဏ်စနစ်ဝန်ဆောင်မှု ပေးသည့် ဂျပန် JCB ကုမ္ပဏီက ၂၀၁၇ ရာသီမြန်မာလိဂ်ပြိုင်ပွဲအ တွက် အမေရိကန်ဒေါ်လာတစ် သိန်း ပံ့ပိုးခဲ့


ဇွန်လ ၇ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပ သည့် အဆိုပါ စပွန်ဆာပေးအပ်ပွဲအခမ်းအနား၌ မြန်မာလိဂ်ပြိုင်ပွဲလာမည့်နှစ်များတွင်လည်း စပွန်ဆာပေးအပ်ရန်စီစဉ်ထားပြီး စာချုပ်သက်တမ်းကို တစ်နှစ်ချင်းသာချုပ်ဆိုမည်ဖြစ်ကြောင်း JCB ကုမ္ပဏီ မြန်မာပြည်တာဝန်ခံ Yuji Matasushita က ပြောသည်။
‘‘မြန်မာ့ဘောလုံးတိုးတက် ဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီခွင့်ရတာကို ဂုဏ်ယူမိပါ တယ်။ ကျွန်တော်တို့ကုမ္ပဏီက မြန်မာပြည်ကိုရောက်တာ မကြာ သေးတဲ့အတွက် ဒီမှာရှိတဲ့သူတွေ အနေနဲ့ ကျွန်တော်တို့ကုမ္ပဏီကို ပိုမိုသိလာအောင် စပွန်ဆာပေးရ ခြင်းဖြစ်ပါတယ်။ လာမယ့်နှစ်တွေ မှာလည်း စပွန်ဆာပေးဖို့ စီစဉ်ထားပါတယ်’’ဟု ၎င်းကပြောသည်။
မြန်မာလိဂ်ပြိုင်ပွဲကို အခက် အခဲများစွာကြားမှ ဆက်လက် ကျင်းပနိုင်ရန် ရုန်းကန်နေရသော် လည်း ပြည်ပစီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ယခုကဲ့သို့ မြန်မာ့ဘောလုံးတိုးတက်ရန် ကူညီပေး ခြင်းကို ၀မ်းသာမိကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြော ကြားသည်။
‘‘မြန်မာလိဂ်က အခက်အခဲတွေကြားထဲက မနည်းရုန်းကန်နေရတယ်။ အဓိက က စပွန်ဆာမရ တဲ့အတွက် ဦးဇော်ဇော်ကသိန်းငါး ထောင်စိုက်ထုတ်ထားရတယ်။ အခုလို ပြည်ပစီးပွားရေးလုပ်ငန်း ရှင်တွေက စိတ်ဝင်စားပြီး စပွန် ဆာပေးတဲ့အတွက် ၀မ်းသာပါ တယ်။ နိုင်ငံရဲ့ စီးပွားရေးအခြေ အနေကြောင့် ပြည်ပလုပ်ငန်းရှင် တွေဆီက ဒေါ်လာသန်းနဲ့ချီပြီး စပွန်ဆာရဖို့ မဖြစ်နိုင်သေးပါဘူး’’ ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။
၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲကို မက်စ်ဘိလပ်မြေက အဓိကစပွန် ဆာအဖြစ် ကျပ်သိန်းငါးထောင် ပံ့ပိုးထားကာ အခြားစပွန်ဆာ ၁၄ ခု ရရှိထားသော်လည်း ကလပ် အသင်းများအား ယခင်နှစ် ထောက်ပံ့ကြေးထက် တစ်ဝက်သာပေးနိုင်မည်ဖြစ်ကြောင်း မြန်မာလိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကပြောသည်။
‘‘လက်ရှိမှာ မြန်မာလိဂ်ပြိုင်ပွဲက Title စပွန်ဆာအပါအ၀င် Co စပွန်ဆာ၁၄ ခုရရှိထားတယ်။ ကျပ်သိန်းတစ်သောင်းရှစ်ထောင်လောက်ရထားတယ်ဆိုပေမယ့် ကလပ်အသင်းတွေကို ခွဲဝေပေးမယ့် ပမာဏကမနှစ်ကထက် တစ်ဝက်လောက်ကိုပဲ ပေးနိုင်မယ်’’ ဟု ၎င်းက ပြောသည်။

Comments