မြန်မာ ယူ - ၂၂ အသင်း ခြေစွမ်းကိုစမ်းသပ်မည့် ဆီးဂိမ်းအကြို KBZ Bank Cup 2017 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖိုးသော်ဇင်
ရန်ကုန် ဇွန် ၂ဝ
မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတေ
မြန်မာ့လက်ရွေးစင် ယူ - ၂၂ အသင်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ
လက်ရှိ စုဖွဲ့ထားသည့် မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် တာဝန် ယူထားသည်က ဂျာမနီနိုင်ငံသား နည်းပြ ဂတ်ဖရိုင်းဒရစ်ဖြစ်သည်။ ¤င်းက မြန်မာ့ ဘောလုံးလောကတွင် အောင်မြင်မှုများ ရယူထားနိုင်သည့် နည်းပြတစ်ဦး ဖြစ်သည်ကို ငြင်းစရာမရှိပေ။ မြန်မာ ယူ-၂ဝ အသင်းကို က္ဘာ့ဖလား ယူ-၂ဝ ပြိုင်ပွဲများသို့ ပို့ဆောင်ပေးခဲ့ပြီး ၂ဝ၁၆ ဆူဇူကီးဖလား (အာဆီယံချန်ပီယံရှစ်)တွင်လည
KBZ Bank Cup 2017
မြန်မာ ယူ-၂၂ အသင်း အထက်ပါပြိုင်ပွဲကြီး နှစ်ရပ်တွင် အောင်မြင်မှုရရှိရေးအတွက် ကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် လေးသင်း ပါဝင်ယှဉ်ပြိုင်မည့် KBZ Bank Cup 2017
ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ခ
ပြိုင်ပွဲဝင်အသင်းတွေက မြန်မာ ယူ-၂၂ အသင်းကို
အကျိုးရှိစေမှာလား
ပြိုင်ပွဲနှင့် ပတ်သက်၍ အချို့က မေးခွန်းထုတ်ကြသည်မှာ ပြိုင်ပွဲဝင်အသင်းများ၏ ခြေစွမ်းအဆင့်အတန်းပင် ဖြစ်သည်။ ဟောင်ကောင်၊ ကမ္ဘောဒီးယားတို့၏ ခြေစွမ်းမှာ ယခင်က မြန်မာ အသင်းထက် နိမ့်ကျသည်ဟု သတ်မှတ်ထားခဲ့ကြသော်လည်း လက်ရှိအချိန်တွင် ယင်းအသင်းများ၏ ကြိုးစားအားထုတ်မှုများ၊ ပြင်ဆင်မှုများကြောင့် ထိုက်သင့်သော ခြေစွမ်းကို ရရှိထားကြပြီ ဖြစ်ရာ မြန်မာ ယူ-၂၂ အသင်းအတွက် ပြိုင်ဘက်ကောင်းများဟု ဆိုနိုင်ပါလိမ့်မည်။ ဂျပန်တက္ကသိုလ်များ အသင်းကတော့ ဘောလုံးအင်အားကြီး နိုင်ငံမှ အသင်းပီပီ ဂျေလိဂ်ပြိုင်ပွဲဝင် ကလပ်များတွင် ပါဝင်ကစားကြတော့မည့် လူငယ်ကစားသမား များဖြင့် စုဖွဲ့ထားကြောင်း သိရသည်။
ပြိုင်ပွဲဝင်အသင်းများ အားလုံး၏ ပျမ်းမျှ အသက်မှာ ၂ဝ ဝန်းကျင်ပင်ဖြစ်ရာ လူငယ်အသင်းများပီပီ ကစားအား ကောင်းကောင်းဖြင့် ပရိသတ်ကို စိတ်လှုပ်ရှားစေမည်မှာ အမှန်ပင်ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရလျှင် ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက်
ပြိုင်ပွဲသည် အကောင်းဆုံးသော ကြိုတင်ပြင်ဆင်မှု ပင်ဖြစ်လာမည်မှာ သေချာနေသည်။
#Credit #မြန်မာအလင်း
#MFFG
Comments
Post a Comment