KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲ အတွက် မြန်မာ ယူ-၂၂ အသင်း အပြီးသတ် လူရွေးချယ်

မန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ရန်ကုန် မြို့၌ ကျင်းပမည့် KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ရာ အပြီးသတ်ကစားသမား ၂၃ ဦးကို ယနေ့တွင် ရွေးချယ်လိုက်ပြီဖြစ်သည်။

KBZ Bank Cup လေးနိုင်ငံ ယူ -၂၂ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ-ဦးသန်းတိုးအောင်၊ နည်းပြချုပ်-ဂတ်ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြ-ဦးကြည်လွင်၊ ဦးဇော်ဝင်းထွန်း၊ ကြံ့ခိုင်ရေး နည်းပြ-ပိုပေါ့စကီး၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ ဂိုး-ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်၊ ဝေလင်းအောင်၊ နောက်တန်း- ထိုက်ထိုက်အောင်၊ သောင်လျပ်ထျန်၊ နန်းဝေမင်း၊ ရဲရင့်အောင်၊ သီဟထက်အောင်၊ ဟိန်းသီဟ ဇော်၊ နန္ဒကျော်၊ အလယ်တန်း- ရဲရင့်ထွန်း၊ မင်းကျော်ခန့်၊ လှိုင်းဘိုဘို၊ ရန်ပိုင်စိုး၊ ရန်နိုင်ဦး၊ မောင်မောင်စိုး၊ ဇင်ဖြိုးအောင်၊ ဇေယျာနိုင်၊ ငြိမ်းချမ်းအောင်၊ မောင်မောင်လွင်၊ စည်သူအောင်၊ ရှေ့တန်း- အောင်သူ၊ သန်းပိုင်တို့ ပါဝင် မည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်မှုများ စတင်ပြု လုပ်ခဲ့ပြီး ဇွန် ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် MNL All Star အသင်းနှင့် ခြေစမ်းပွဲ အပြီးတွင် အပြီးသတ် ကစားသမား ၂၃ ဦးကို ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

ယခုရွေးချယ် လိုက်သည့် အပြီးသတ်လူ စာရင်းတွင် မူလ ရွေးချယ်ထားသည့် ပဏာမ လူစာရင်းတွင် ပါဝင်လာခြင်း မရှိသည့် မကွေး တောင်ပံကစားသမား မောင်မောင်စိုး ပြန်ပါလာပြီး ယခင် လူစာရင်းမှ မင်းသူ (ဂိုး)၊ အောင်ဟိန်းစိုးဦး၊ နန်းမင်းအောင်၊ ချစ်လှအောင်၊ မျိုးကိုထွန်း၊ စအောင်ပြည့်ကိုနှင့် အောင် ကောင်းမာန် တို့ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကစားသမားများ အနက် မျိုးကိုထွန်းသည် ကျန်းမာရေး အခြေအနေကြောင့် ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး အောင်ဟိန်း စိုးဦး၊ စအောင် ပြည့်ကိုနှင့် အောင်ကောင်းမာန် တို့မှာ MNL All Star အသင်းနှင့် ခြေစမ်းပွဲတွင် ပါဝင် ကစားခဲ့သော်လည်း အပြီးသတ် လူစာရင်း ရွေးချယ်ရာတွင် ပါဝင်လာခြင်းမရှိပေ။

MNL All Star လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ ယူ-၂၂ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၂ အသင်း၊ ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ဂျပန် တက္ကသိုလ် အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်

ဖြစ်ပြီး ပတ်လည်စနစ်ဖြင့် ကစားကာ အမှတ်အများဆုံး အသင်းက ဗိုလ်စွဲမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲ ထားမှုအရ ဇွန် ၂၈ရက်၊ ၃ဝရက်နှင့် ဇူလိုင် ၂ရက်တွင် အုပ်စုပွဲများကျင်းပ မည်ဖြစ်ကြောင်း၊ မြန်မာ ယူ-၂၂ အသင်းသည် ဇွန် ၂၈ ရက်တွင် ကမ္ဘောဒီးယား အသင်း၊ ဇွန် ၃ဝ ရက်တွင် ဟောင်ကောင်အသင်းနှင့် ဇူလိုင် ၂ရက်တွင် ဂျပန် တက္ကသိုလ် အသင်း တို့နှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

#မြဝတီ #MFFG

Comments